မနေ့ က ထက်ဇော် (MMiTD ) နဲ့ အွန်းလိုင်းကနေ ချက်နေရင်း viedo file ကို desktop မှာ wallpaper အနေနဲ့  သုံးလို့ ရတာသိလားဆိုပီး ပြောလာတယ်...ကျတော်ကလည်း မသိဘူးလို့  ပြောတော့ ခု mmitd ဆိုဒ်ထဲမှာ အဲ့ဒီအကြောင်း post အသစ်လေးတင်နေတာတဲ့...တင်းပီးပီးခြင်း link ပေးတာနဲ့  ၀င်ကြည့်လိုက်တာ သဘောကျသွားတယ်..အဲ့ဒါနဲ့  ကျတော်လည်း ပြန်ရှယ်လိုက်တာပါ...ထက်ဇော်(MMiTD) ရဲ့ post အတိုင်း ပြန်တင်ပေးထားတာပါ.... အောက်မှာ ဖတ်ကြည့်ပီး စမ်းကြည့်ကြည့်ပါ..သဘောကျမှာပါ....နည်းပညာအသစ်တွေမျှဝေပေးတဲ့ ထက်ဇော် (MMiTD) ကိုလည်း အထူးကျေးဇူးတင်ပါတယ်...
ကျွန်တော်တို့ နေ့ စဉ် မရှိအဖြစ် အမြဲတစ်စေ အသုံးပြုနေကြမြဲ ဖြစ်တဲ့ .. ကွန်ပျူတာ တွေ အတွက် ... ပုံသေ သတ်မှတ်ပေးထားသော Desktop Background ကြီးကို သုံးနေရတာ ပျင်းရိငြီးငွေနေ့ ပါပြီလားးး ??
အဲ့ဒါဆို .... ကိုယ့်စိတ်ကြိုက် Video ခွေတစ်ခွေ (သို့ ) Music Video အစ ရှိတာတွေကို Desktop Background မှာ ထားပြီး ကွန်ပျူတာကို အသုံးပြုကြည့်ရအောင် .... ။
အဲ့လို အသုံးပြုနိုင်ဖို့ အတွက် ..ဘာမှ သိပ်အများကြီး လုပ်စရာ မလိုအပ်ပါဘူးး ။ ဒါပေမဲ့ ... သင် အသုံးပြုတဲ့ Windows ကတော့ .. Windows 7 ဖြစ်မှ ရပါမယ် ... ။ (အဲ့လို ပြောလိုက်လို့  Windows XP အသုံးပြုနေတဲ့ သူတွေ စိတ်အနှောင့်အယှက် မဖြစ်ပါနဲ့ ... ။ သင်တို့ အတွက် သီးသန့် Player လေး တစ်ခုလည်း ရှိပါသေးတယ် ... ။ အဲ့ဒါကတော့ ... KM Player ပါ ။ အဆိုပါ ပိုစ့်လေးမှာ ဖတ်ရှုနိုင်ပါတယ် ... ။ ) အဲ့နောက်မှာမှ ... သင့်မှာ
VLC Media Player လေး တစ်ခု ရှိဖို့ ပဲ လိုအပ်ပါတယ် ... ။
တကယ်လို့ VLC Player လေး မရှိဘူး ဆိုရင်တော့ .... VLC Media Player လေးကို အရင်ဆုံး ဒေါင်းလုပ် လုပ်လိုက်ပါ .... ။
Download VLC Player Now
Download လည်း လုပ်ပြီးသွားပြီ Install လည်း လုပ်ပြီး သွားပြီ ဆိုရင်တော့ .. VLC ကို Run လိုက်ပါ ... ။ ပြီးရင် အောက်မှာ ပြထားတဲ့ အတိုင်း တစ်ဆင့်ချင်းစီ လိုက်လုပ်ပေးသွားရုံပါပဲ ... ။
ပြီးရင် Video ဆိုတဲ့ Tab မှာ ... Output ဘေးက Drop Down Arrow လေး ကို နှိပ်ပြီး Diret X Video Output ဆိုတာလေးကို ရွေးပေးပြီး Save လိုက်ပါ ... ။
ှSave လုပ်ပြီးရင် VLC Media Player ကို ပိတ်လိုက်ပါ ... ။ ပြီးမှ ... မိမိ စိတ်ကြိုက် Video ဖိုင် တစ်ဖိုင်ကို VLC နဲ့ ဖွင့်လိုက်ပါ ... ။ ဖွင့်ပြီးတာနဲ့ Video Menu လေးမှာ Direct X Wallpaper ဆိုတာလေးကို အမှန်ခြစ်ပေးပါ ... ။
အဲ့လို အမှန်ခြစ်လိုက်တာနဲ့ .. aero theme သုံးထားတဲ့ သူတွေ အနေနဲ့ .. windows 7 basic theme ကို ချိန်းသွားပါလိမ့်မယ် ... ။ (ကိစ္စ တော့မရှိပါဘူးးး ။ VLC ပိတ်လိုက်ရင် သူ့ သူ theme ပြန် ပြောင်းပေးသွားပါလိမ့်မယ် ... ။ )
ကဲ .. အဲ့ဒါလေးတွေ အားလုံး ပြုလုပ်ပြီးပြီ ဆိုရင်တော့ ... သင့်ရဲ့ Desktop Background ကို ပြန်သွားလိုက်ပါ ... ။
VLC Media Player နဲ့ သင်ဖွင့်ထားခဲ့တဲ့ Video ဖိုင်လေးကို သင့်ရဲ့ Desktop ပေါ်မှာ ... တွေ့ ရပါလိမ့်မယ် ... ။ ( အဲ.. ဒါပေမဲ့ ... Desktop ပေါ်မှာ right click နှိပ်ပြီး Refresh တော့ မနှိပ်မိစေနဲ့ နော် ... ပြန်ပျောက်သွားလိမ့်မယ် ... ။ ဒါပေမဲ့ .. ကျန်တာတွေကိုတော့ .. ပုံမှန် အသုံးပြုနေကြ အတိုင်း အသုံးပြုနိုင်ပါတယ် ... ။ ) ပုံမှန် အတိုင်း ပြန်လည် အသုံးပြုချင်ရင်တော့ Desktop Background ကို ချိန်းလိုက်တာပဲ ဖြစ်ဖြစ် ၊ VLC ကို ပိတ်လိုက်တာပဲ ဖြစ်ဖြစ် ပြုလုပ်ပြီး ပုံမှန် အတိုင်းပြန်လည် အသုံးပြုနိုင်ပါတယ် ခင်ဗျာ ... ။
ကဲ .. အဲ့လောက် ဆိုရင်တော့ ... ပုံမှန် သမားရိုးကျ ပုံသေ သတ်မှတ်ပေးထားတဲ့ Desktop Background Wallpaper တွေကနေ ခွဲထွက်ပြီး မိမိ စိတ်ကြိုက် Video Background များဖြင့် ကွန်ပျူတာ အသုံးပြုရင်း ကိုယ် ၊ စိတ် လန်းရွှင်စွာဖြင့် တစ်နေ့ တာ အတွက် လုပ်ငန်း ဆောင်တာများကို ဆက်လက် လုပ်ဆောင်နိုင်ပြီ ဖြစ်ပါတယ် ။
အားလုံး အဆင်ပြေကြပါစေခင်ဗျာ ... ။
Htet Zaw (MMiTD)
htetzaw551990@gmail.com
Viedo ကို Desktop မှာ Wallpaper အနေနဲ့ ထားကြည့်ရအောင် (with VLC )

စာရေးသူအကြောင်း:
ကျနော်သည် နည်းပညာနှင့်ပတ်သက်၍ နည်းပညာသင်တန်းများအား တက်ရောက်သင်ယူခွင့် မရခဲ့သူတစ်ဦးပါ။ ကျနော် Online မှ လေ့လာသင်ယူသိထားသော အကြောင်းအရာများကို ပြန်လည်မျှဝေ ခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် Professional ကဲ့သို့ ပြည့်စုံခြင်းမရှိပါ..။ အမှားများ တွေ့ရှိပါက မေတ္တာဖြင့် နားလည်ပေးကြပါ။ မောင်အေးလွင်(ဘူးရေမျက်ရွာ)
ကျနော်နဲ့ဆက်သွယ်ရန်









အမျိုးအစား==>
နည်းပညာ
ဆက်လက်ဖတ်ရန် ပို့စ်များ

Windows ပေါ်မှာ Ubuntu Linux ကို ဘယ်လို Install လုပ်ပြီး run မလဲ
တခြား hard drive တစ်ခု ထပ်မထည့်ဘဲ၊ ဒါမှမဟုတ် ရှိတဲ့ hard drive ကို Parti ...

Facebook Keyboard shotcuts
Facebook Facebook အသုံးပြုသူ သူငယ်ချင်းများ Keyboard Shout လေးတွေနှင့်ြ ...

DropBox Account ကို ၄၈ Gb အလကားရအောင်ဖောက်နည်း
Dropbox ဆိုတာကတော့ Online ပေါ်မှာ မိမိတို့တင်ချင်တဲ့ ဖိုင်တွေကို ...

Android to BlackBerry App Converter
Android App များဖြစ်တဲ့ .apk များအကို BlackBerry App အဖြစ် ပြောင်းလို ...
No comments:
Post a Comment
ပုံတင်ရန်[im]...[/im]
scrolling effect [ma]....[/ma]
စာလုံးအရွယ် [si="2"]...[/si]
အရောင် [co="red"]...[/co]
အလယ်မှာထား [ce]...[/ce]
scrolling effect ညာဘက် [ma+]...[/ma+]
ဘောက် [box]...[/box]
အမှတ် [mark]...[/mark] ;
နောက်ခံ effect [card="blue"]...[/card]
ပုံ fix size [im#]...[/im]
Link ထည့်ရန် 〈a href="ဖော်ပြလိုသော Link"〉more..〈/a>
Note: Only a member of this blog may post a comment.