ပုံ(၁) မူလပုံစံ အတိုင်း
ပုံ(၂)
ပုံ(၃)
ဒီတစ်ခါတော blogger မှာ css ကုဒ်လေးတွေ ကစားကြည့်ကြမယ်လေ။ သိတဲ့သူငယ်ချင်းတွေ ကျော်ဖတ်ပေးပါ။ ကျနော် အခုပြောချင်တာလေးက blogger မှာ css code လေးတွေနှင့် ပုံလေးတွေကို ဒီဇိုင်းလေးတွေ ပြောင်းပြီး ကစားကြည့်တာ ကိုပြောပြချင်ပါတယ်။ အရင်ကလဲ css နှင့် ပုံလေးတွေ တင်တဲ့ နည်းလေးတွေကို ပြောခဲ့ပါတယ်...။ အခုပြောမယ် နည်းလမ်းလေးကတော့ ပုံလေးတွေကို rounded လေးတွေ လုပ်တဲ့ နည်းလေးတွေပါ။
ကျနော်တို့ blogger မှာ css ကုဒ်တွေကို ထည့်တဲ့ အခါ နေရာကို သတ်မှတ်ထားလို့ ရပါတယ်။
Css လို့ မြင်လိုက်တာနဲ့ [></:b:skin> အပေါ်က ထည့်ရမယ်ဆိုတာ နားလည်ပြီးသားဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ဒါမှ မဟုတ်ရင်လဲ Template>>Customize>>Add Css>>Add Custom Css မှာ ထည့်ရပါမယ်။ ပြီးရင်တော့ Css code ကို Posting ပိုင်းမှာ ချိတ်ဆက်မိအောင်
<div class="CSS name"> ဆိုပြီး ချိတ်ဆက်ရပါမယ်။ ကိုယ်ဖာသာ css code လေးတွေ ကို ဆက်ပြီး ကလိနိုင်အောင် ကျနော် သိသလောက်လဲ ပဲ ပြောပြတာပါ။ ပြည့်စုံမှု ရှိမျာ မဟုတ်ပါ။ ဆရာများအနေနှင့်လဲ အပြုသဘောဖြင့် ဝင်ရောက်ဆွေးနွေးပေးစေလိုပါတယ်။
အောက်မှာ css code လေးတွေ ပေးလိုက်ပါတယ်။ ဒါကတော့ ပုံ(img) လေးရဲ့ အနားစွန်းလေး(corners) တွေကို Rounded လုပ်မှာ ဖြစ်လို့ .roundedcorners img လို့ပေးထားလိုက်ပါတယ်။
ပုံ(၂) ကို သုံးထားသောကုဒ်
.roundedcorners2 img {
border: 2px solid #BADA55;
margin: 0;
padding: 0;
border-radius: 45px;
-moz-border-radius: 45px;
}
ပုံ(၃)ကို ကစာထားသော ကုဒ်
.roundedcorners img {ဒီနေရာမှာ ကျနော်တို့ ကစားနိုင်တာတွေကတော့
border: 2px solid #BADA55;
margin: 0;
padding: 0;
border-radius: 900px;
-moz-border-radius: 900px;
}
border: 2px solid #BADA55;
margin: 0;
padding: 0;
border-radius: 900px;
-moz-border-radius: 900px;
တွေမှာ px (Pixel) တွေကို ကိုလိုချင်သလို ပြောင်းပြီးကစားနိုင်ပါတယ်။ D အပိုင်းကတော့ css ပိုင်းမှာ ကိုယ်သလို ပြောင်းပြီး Template ကို Save လိုက်ပါ။
နောက်အပိုင်းကတော့ ကျနော်တို့ Post တင်ရာမှာ ပြင်ဆင်ရမှာပါ။
မိမိ Post တင်ရာမှာ ဒီလိုမျိုး ပုံလေးတွေကို ဒီဇိုင်နှင့် တင်မယ်ဆိုရင်တော့ Setting>>Post and Comment>> Comment Form Message ဆိုတာမှာ အမြဲ သုံးလို့ ရအောင်ထည့်ထားလို့ ရပါတယ်။
အောက်က code လေးတွေကိုပေါ့။ အောက်မှာ ကျနော် စမ်းရေးပြပါမယ်။
Post တင်ရာမှာ HTML ကို ရွေးပါမယ်။
<div class="roundedcorners"><img src="ပုံ၏URL ကို ထည့်ပါ"/></div>
<div class="roundedcorners2"><img src="ပုံ၏URL ကို ထည့်ပါ"/></div>
လို့ ရေးရင် ကျနော် ဒီပို့စ်မှာ တင်ထားတဲ့ ပုံလေးတွေ လို မိမိ၏ Post မှာ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ် ခင်ဗျာ။
အားလုံးပဲ အဆင်ပြေမယ့်မျှော်လင့်ပါတယ် အဆင် မပြေတာလေးတွေ ရှိပါက ကော့မက်ရေးထားခဲ့ပေးပါ။ ကျနော် သိသလောက်လေးကို အစွမ်းကုန်ပြောပြပါမယ်ခင်ဗျာ။ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
No comments:
Post a Comment
ပုံတင်ရန်[im]...[/im]
scrolling effect [ma]....[/ma]
စာလုံးအရွယ် [si="2"]...[/si]
အရောင် [co="red"]...[/co]
အလယ်မှာထား [ce]...[/ce]
scrolling effect ညာဘက် [ma+]...[/ma+]
ဘောက် [box]...[/box]
အမှတ် [mark]...[/mark] ;
နောက်ခံ effect [card="blue"]...[/card]
ပုံ fix size [im#]...[/im]
Link ထည့်ရန် 〈a href="ဖော်ပြလိုသော Link"〉more..〈/a>
Note: Only a member of this blog may post a comment.