Android
ဖုန်းထဲမှာ ပါဝင်ပြီးသား Secret Hack Code များပါ။ မည်သည့် Application,
Software မလိုအပ်ပါဘဲ မိမိဖုန်းရဲ့ ဘက်ထရီအခြေအနေ၊ ဖုန်းရဲ့ update
ပိုင်းဆိုင်ရာ၊ Factory Reset လုပ်ဖို့ စသည်တို့ကို အသုံးပြုသူကိုယ်တိုင်
ဒီ Code လေးနှိပ်လိုက်တာနဲ့ ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ ဘာတွေလည်း
ကြည့်ရအောင်ဗျာ။ ကျွန်တော်လည်း တချို့ကို စမ်းသပ်ထားတာ အဆင်ပြေ
ကြောင်းတွေ့ရပါတယ်။ သူငယ်ချင်းများလည်း စမ်းသပ်ရန် ပြန်လည်
မျှဝေလိုက်ပါတယ်ဗျာ။
၁) မိမိဖုန်း၏အချက်အလက်အသေးစိတ်ကို ကြည့်ရှုရန်
*#*#4636#*#*
အောက်ပါအချက်အလက်များကို ပြသပါလိမ့်မယ်။
- Phone information
- Battery information
- Battery history
- Usage statistics
၂) Factory Data Reset ချရန်
*#*#7780#*#*
ပြသမယ့်အချက်အလက်များကတော့ -
- Google account settings stored in your phone
- System and application data and settings
- Downloaded applications
ဒီ code ကို နှိပ်လိုက်ရင် အောက်ဖော်ပြ အရာတွေကို ဖုန်းထဲကနေ ဖျက်ပလိုက်ပါလိမ့်မယ်။
(သတိထားစေချင်ပါတယ်)
- Current system software and bundled application
- SD card files e.g. photos, music files, etc.
၃) ဖုန်းကို Format ချရန်
*2767*3855#
Internal
Storage ထဲမှာ ရှိတဲ့အရာတွေအပါအ၀င် ဖုန်းထဲမှာရှိသမျှ အရာတွေ အားလုံးကို
ဖျက်ပလိုက်ပါလိမ့်မယ်။ နောက် ဖုန်းရဲ့ firmware ကိုလည်း Reinstall
ပြန်လုပ်သွားပါလိမ့်မယ်။
(သတိထားရမယ့်အချက်ကတော့ ဒီ code ကို
နှိပ်လိုက်ပြီဆိုရင် Cancel လုပ်စရာ နည်းလမ်းမရှိပါဘူး။ ဖုန်းဘက်ထရီကို
ဖြုတ်ရုံကလွဲရင်ပေါ့လေ။ အဲဒီတော့ မလုပ်ချင် သေသေချာချာ
စဉ်းစားစေချင်ပါတယ်။)
၎) ဖုန်း၏ကင်မရာကို update ပြုလုပ်ရန်
*#*#34971539#*#*
အောက်ပါ Menu ၄ ခုကို ပြသပေးပါလိမ့်မယ်။
- Update camera firmware in image (ဖြစ်နိုင်ရင် မစမ်းစေချင်ပါ)
- Update camera firmware in SD card
- Get camera firmware version
- Get firmware update count
၅) ဖုန်းထဲမှာ ရှိတဲ့ ဖိုင်တွေကို Backup Copy လုပ်ရန်
*#*#273283*255*663282*#*#*
ဒီ
code ကတော့ သင့်ရဲ့ဖုန်းထဲက ဖိုင်တွေကို ဘယ်နေရာမှာ Backup Copy
လုပ်မလဲဆိုတဲ့ အရာကို ဖော်ပြ ပေးပါလိမ့်မယ်။ (ဥပမာ - ဓါတ်ပုံ၊ သီချင်း၊
အသံမှတ်တမ်း စသည်)
၆) Service Mode ထဲသို့ ၀င်ရန်
*#*#197328640#*#*
ဒါလေးကတော့
Service Mode ထဲ ၀င်ဖို့ပါ။ ဒီ Mode ထဲမှာ အမျိုးမျိုးသော စမ်းသပ်မှု
(ကောင်း/မကောင်း) များ နှင့် Setting တွေ ပြောင်းလဲဖို့ရန်
ပြုလုပ်နိုင်ပါတယ်။
၇) WLAN, GPS and Bluetooth စမ်းသပ်ရန်
*#*#232339#*#* OR *#*#526#*#* OR *#*#528#*#* - WLAN test (စမ်းသပ်မှုများ စတင်ရန် "Menu" ခလုတ်ကို အသုံးပြုပါ)
*#*#232338#*#* - Wi-Fi MAC address ပြသပေးပါလိမ့်မည်
*#*#1472365#*#* - GPS စမ်းသပ်ရန်
*#*#232331#*#* - Bluetooth စမ်းသပ်ရန်
*#*#232337#*# - Bluetooth device address ပြသပေးမည်
၈) သွင်းထားတဲ့ Firmware နဲ့ ပတ်သက်တဲ့အချက်အလက်ကို ကြည့်ရှုရန်
*#*#4986*2650468#*#* - PDA, Phone, H/W, RFCallDate
*#*#1234#*#* - PDA and Phone
*#*#1111#*#* - FTA SW Version
*#*#2222#*#* - FTA HW Version
*#*#44336#*#* - PDA, Phone, CSC, Build Time, Change list number
၉) အစိတ်အပိုင်းများ တစ်ခုချင်းစီကို Factory Test လုပ်ရန်
*#*#0*#*#* - LCD test
*#*#0842#*#* - Device test (Vibration test and Backlight test)
*#*#2663#*#* - Touch screen version
*#*#2664#*#* - Touch screen test
*#*#0588#*#* - Proximity sensor test
*#*#3264#*#* - RAM version
အားလုံးပဲ စမ်းသပ်လို့ အဆင်ပြေကြပါစေ
Android ဖုန်းအတွင်းမှာရှိတဲ့ Secret Hack Code များ
စာရေးသူအကြောင်း:
ကျနော်သည် နည်းပညာနှင့်ပတ်သက်၍ နည်းပညာသင်တန်းများအား တက်ရောက်သင်ယူခွင့် မရခဲ့သူတစ်ဦးပါ။ ကျနော် Online မှ လေ့လာသင်ယူသိထားသော အကြောင်းအရာများကို ပြန်လည်မျှဝေ ခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် Professional ကဲ့သို့ ပြည့်စုံခြင်းမရှိပါ..။ အမှားများ တွေ့ရှိပါက မေတ္တာဖြင့် နားလည်ပေးကြပါ။ မောင်အေးလွင်(ဘူးရေမျက်ရွာ)
ကျနော်နဲ့ဆက်သွယ်ရန်
အမျိုးအစား==>
android,
android tools
ဆက်လက်ဖတ်ရန် ပို့စ်များ
No comments:
Post a Comment
ပုံတင်ရန်[im]...[/im]
scrolling effect [ma]....[/ma]
စာလုံးအရွယ် [si="2"]...[/si]
အရောင် [co="red"]...[/co]
အလယ်မှာထား [ce]...[/ce]
scrolling effect ညာဘက် [ma+]...[/ma+]
ဘောက် [box]...[/box]
အမှတ် [mark]...[/mark] ;
နောက်ခံ effect [card="blue"]...[/card]
ပုံ fix size [im#]...[/im]
Link ထည့်ရန် 〈a href="ဖော်ပြလိုသော Link"〉more..〈/a>
Note: Only a member of this blog may post a comment.