ဒါလေးကို
ကျွန်တော်ကိုယ်တိုင်လည်း အသုံးပြုချင်နေခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့
ကျွန်တော်က Download လုပ်တာကို ၀ါသနာကြီးတဲ့သူလေ။ ဘာကြောင့်လဲဆိုတော့ IDM
ကို သုံးပြီး download လုပ်တာ သာမန် utorrent တို့လို torrent downloader
တွေထက် ၅ ဆလောက် ပိုမိုမြန်ဆန်လို့ပါပဲ။ ကျွန်တော့်လိုပဲ သူငယ်ချင်းတွေ
ဝါသနာရှိတဲ့သူတွေ အသုံးပြုနိုင်အောင် မူရင်း ဆိုဒ်က ဆောင်းပါးကို
ကျွန်တော်ကိုယ်တိုင် ဘာသာပြန် စမ်းသပ်ပြီး ဤ post ကို တင်ပေးလိုက်ပါတယ်။
တကယ်တော့
torrent file တွေထဲမှာ ကျွန်တော်တို့ လိုချင်တဲ့ Applicatoin တွေ၊
Software တွေ၊ Games တွေ ဟာ အလွယ်တကူ ရနိုင်ပါတယ်။ torrent ဆိုတာ
အင်မတန်ကို သေးငယ်တဲ့ kilobytes သာရှိတဲ့ .torrent နဲ့ဆုံးတဲ့
ဖိုင်လေးတစ်ဖိုင်ပါ။ အဲဒီဖိုင်ထဲမှာ လိုချင်တဲ့အရာတွေ utorrent, bittorent
တို့လို Software တွေကို သုံးပြီး ဒေါင်းယူရတာပါ။ သူက လူသုံးများတဲ့
ဒေါင်းလုပ်ချတဲ့ ဖိုင်အမျိုးအစားဆိုလည်း မမှားပါဘူးဗျာ။ ဒါပေမယ့် torrent
ဖိုင်တွေ ဒေါင်းတော့မယ်ဆိုရင် connection, peers, leeches စသည့်အပေါ်
မူတည်ပြီး download speed နှေးတတ်ပါတယ်။ ဒါကြောင့် တခါတလေ အလွန်အင်မတန်
နှေးတာကို တွေ့ရပါတယ်။ ဒါကြောင့် IDM နဲ့ ဒေါင်းနည်းလေးကို
စဉ်းစားရခြင်းဖြစ်ပါတယ်။
Internet Download Manager(IDM)
ဆိုတာကလည်း သာမန် Download လုပ်တဲ့ downloader တွေထက် ၅ ဆ မြန်ဆန်တယ်။
Resume capability လိုခေါ်တဲ့ ကော်နက်ရှင်ကြောင့်သော်လည်းကောင်း၊ ကွန်ပျူတာ
ပိတ်သွားလို့သော်လည်းကောင်း၊ တခြားခြားနည်းတွေနဲ့ ပြတ်တေက်သွားတဲ့ download
file အချိန်မရွေး ဆက်လက် download လုပ်နိုင်စွမ်းရှိတယ်။
အဲဒီတော့
သင့်ရုံး၊ ကျောင်းတွေက ပိတ်ထားတဲ့ torrent တွေကိုလည်း IDM နဲ့ download
လုပ်နိုင်မယ်။ ကော်နက်ရှင်နှေးရင်လည်း IDM ကြောင့် အိုကေနိုင်တယ်။
နောက်ပြီး youtube နဲ့ တခြား ဆိုဒ်တွေ ဗီဒီယိုဖိုင်တွေကိုလည်း ဒေါင်းလုပ်
လုပ်နိုင်တယ်လေ။ ကဲ ပြောနေတာကြာပါတယ်လေ။ နည်းလမ်းလေးကို စလိုက်ကြရအောင်နော်
....
အဆင့်(၁) zbigz.com ကိုသွားပြီး sign up(register) လုပ်ပါ။ free ပါ။
အဆင့်(၂) torrent site ထဲကနေ မိမိ ဒေါင်းလိုတဲ့ torrent file ကို download လုပ်ပါ။
အဆင့်(၃) ပြီးရင်တော့ zbigz.com ကို နောက်တစ်ခေါက်သွားပါ။
အဆင့်(၄) ဒီအဆင့်မှာတော့ ခုနက download ဆွဲထားတဲ့ torrent file ကို စက်ထဲကနေ upload ပြန်တင်ပါ။
အဆင့်(၅) Go ဆိုတဲ့ ခလုတ်ကို နှိပ်ပါ။
အဆင့်(၆) အဲဒီလို နှိပ်လိုက်ပြီးရင် Window တစ်ခု ပေါ်လာပါမယ်။ အဲဒီထဲက Zip ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ပါ။
ဒါဆိုရင်တော့
မိမိ download ဆွဲလိုတဲ့ torrent file ဟာ High speed နဲ့ IDM ကို သုံးပြီး
ဒေါင်းလုပ် လုပ်နေပါပြီ။ ကဲ မလွယ်ဘူးလား။ ဘာဖြစ်လို့ ကျွန်တော်တို့တွေ
.torrent ဖိုင်လေးတစ်ဖိုင် ဆွဲရဖို့ကို တစ်နာရီ နှစ်နာရီ စောင့်နေဦးမလဲ။
မြန်မြန်ဆန်ဆန် IDM နဲ့ပဲ ဆွဲလိုက်ကြပါစို့။ အော် နောက်တစ်ခုက
zbigz.com
furk.net
torrenthandler.com တို့ကိုလည်း အသုံးပြုနိုင်ပါတယ်တဲ့။
(မူရင်းလင့် - How to download torrent using IDM)
အားလုံးအဆင်ပြေကြပါစေ
Home »
downloader
,
internet tool
,
ဆော့ဝဲလ်များ
» torrents ဖိုင်များကို IDM သုံးပြီး download လုပ်နည်း
torrents ဖိုင်များကို IDM သုံးပြီး download လုပ်နည်း
စာရေးသူအကြောင်း:
ကျနော်သည် နည်းပညာနှင့်ပတ်သက်၍ နည်းပညာသင်တန်းများအား တက်ရောက်သင်ယူခွင့် မရခဲ့သူတစ်ဦးပါ။ ကျနော် Online မှ လေ့လာသင်ယူသိထားသော အကြောင်းအရာများကို ပြန်လည်မျှဝေ ခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် Professional ကဲ့သို့ ပြည့်စုံခြင်းမရှိပါ..။ အမှားများ တွေ့ရှိပါက မေတ္တာဖြင့် နားလည်ပေးကြပါ။ မောင်အေးလွင်(ဘူးရေမျက်ရွာ)
ကျနော်နဲ့ဆက်သွယ်ရန်
အမျိုးအစား==>
downloader,
internet tool,
ဆော့ဝဲလ်များ
ဆက်လက်ဖတ်ရန် ပို့စ်များ
No comments:
Post a Comment
ပုံတင်ရန်[im]...[/im]
scrolling effect [ma]....[/ma]
စာလုံးအရွယ် [si="2"]...[/si]
အရောင် [co="red"]...[/co]
အလယ်မှာထား [ce]...[/ce]
scrolling effect ညာဘက် [ma+]...[/ma+]
ဘောက် [box]...[/box]
အမှတ် [mark]...[/mark] ;
နောက်ခံ effect [card="blue"]...[/card]
ပုံ fix size [im#]...[/im]
Link ထည့်ရန် 〈a href="ဖော်ပြလိုသော Link"〉more..〈/a>
Note: Only a member of this blog may post a comment.