rar password တောင်းခဲ့လျှင်

Home » , » သင့်ကန်ပူတာမှာ CPU အသုံး 100% နီးပါးဖြစ်နေရင် ဒီလိုဖြေရှင်းပါ

သင့်ကန်ပူတာမှာ CPU အသုံး 100% နီးပါးဖြစ်နေရင် ဒီလိုဖြေရှင်းပါ

Software လေးတစ်ခု တင်ပေးလိုက်ပါတယ်ခင်ဗျာ..။ ဒီကောင်လေးကို သုံးဖူးသူ သူငယ်ချင်းများလဲ ရှိကြမှာပါ..။ ဒီကောင်လေးက ဒီလိုပါ ... အနည်းငယ်လောက်ပြောပြချင်ပါတယ်...။ ကျနော် Window 7 တင်ပြီး ပြီးနောက် လိုအပ်တဲ့ Software တွေ တင်လိုက်ပါတယ်...။ ဒါပေမယ့် ဘာ Programs ကို မ Run ထားပဲနဲ့ ကျနော့် စက်ရဲ့ CPU နှင့် RAM သုံးတာကို ကြည့်လိုက်တော့ CPU 90% ကျော်ပြီး RAM က 65% အထက်မှာ ရောက်နေပါတယ်..။ ဒီနည်းကို တခြား ဖြေရှင်းတဲ့ နည်းလမ်းလဲ ရှိမှာ။ ကျနော့် စက်က CPU i3 ပါ RAM က 4 GB ပါ အဲဒါ ဘာမှ မ RUN ထားပဲ အဲလောက် ဖြစ်နေတော့ စက်က တော်တော်လဲ ကို ထိုင်း နေပါတယ်..။ ဆရာများကိုလဲ မမေးချင်တာနဲ့ Google ကို ဆရာတင်ပြီး How to နှင့် နှစ်ပါးသွားပါတယ်တယ်...။ အဲမှာ အမေးအဖြေ ဖော်ရမ်တစ်ခုမှာ တွေ့ပါတယ်။ Registry Reviver ဆို Software လေးကို သုံးဖို့ အကြံပြုထားတာလေးကို သွားတွေ့ပါတယ်..။ဒီတော့ ကျနော်လဲ http://www.reviversoft.com/registry-reviver/ ကို သွားပြီး ဒေါင်းလိုက်ပါတယ် ။ သူကတော့ Trial Version ဖြစ်ပါတယ် ။ ကျနော်လဲ Full Version အဖြစ် ရနိုင်အောင် Google မှာ ထပ်ပြီး ရှာဖွေ မွှေနှောက်ရင်း Full Version အဖြစ် ရရှိခဲ့ပါတယ်...။ ကျနော် သုံးကြည့်လိုက်တော့ ဟုတ်တယ်ဗျာ...။ CPU က 15% လောက်ပဲ သုံးပြီး RAM 35- 45 % လောက်ပဲ အသုံးပြုနေပါတော့တယ် အဲဒါ Programs 2 ခုလောက် Run ထားတဲ့ အနေအထားဖြစ်ပါတယ်..။ ဒါကြောင့် သူငယ်ချင်းများလဲ ကိုယ့် ကန်ပူတာ မှာ CPU နှင့် RAM အသုံးများတာကို ဒီကောင်လေးက ထိရောက်စွာ ဖြေရှင်းပေးနိုင်တာကြောင့် သူငယ်ချင်းများလဲ ကျနော် ပြောပြခဲ့တဲ့ အကြောင်းအရာလေးများလို အခက်အခဲ ကြုံခဲ့ရင် ဖြေရှင်းနိုင်အောင်လို့ ပြန်လည်မျှဝေလိုက်ပါတယ်ခင်ဗျာ...။

မိမိစက်က registry error များကို ဖြေရှင်းပေးနိုင်သာမကပဲ CPU နှင့် RAM အသုံးများနေတာကိုလဲ ထိရောက်စွာ ဖြေရှင်းနိုင်တာကြောင့် လိုအပ်မယ်လို့ မျှော်လင့်ပါတယ်...။

System Requirements
  • - Windows® 8, 7, Vista and XP, 32 bit or 64 bit Editions.
  • - 300MHz or higher processor
  • - 256 MB of RAM
  • - 22 MB of hard disk space

အသေးစိတ်ကိုတော့ မူရင်းဆိုဒ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ

 
ဒါလေးကို ဖတ်ပေးပါဒီဘလော့လေးသည် ဘူးရေမျက်ရွာ (wall.fm) ဆိုဒ်လေးမှ တည်ထောင်ထားပါသည် ဘာကြောင့်လဲဆိုတော့ wall.fm ဆိုဒ်များ free မရတော့လျှင် ယ္ခုဘလော့တွင် ဆက်လက်မျှဝေသွားနိုင်ရန် စီစဉ်ထားခြင်းဖြစ်ပါသည်



Zippyshare
ဒေါင်းလော့လင့်
သူငယ်ချင်းများကိုမျှဝေပေးပါ :

No comments:

Post a Comment

ပုံတင်ရန်[im]...[/im]
scrolling effect [ma]....[/ma]
စာလုံးအရွယ် [si="2"]...[/si]
အရောင် [co="red"]...[/co]
အလယ်မှာထား [ce]...[/ce]
scrolling effect ညာဘက် [ma+]...[/ma+]
ဘောက် [box]...[/box]
အမှတ် [mark]...[/mark] ;
နောက်ခံ effect [card="blue"]...[/card]
ပုံ fix size [im#]...[/im]
Link ထည့်ရန် 〈a href="ဖော်ပြလိုသော Link"〉more..〈/a>

Note: Only a member of this blog may post a comment.

 
Support : Creating Website | Johny Template | Mas Template
Copyright © 2021. ဘူးရမေကျြရှာ - All Rights Reserved
Template Modify by Creating Website
DESIGN by မောင်အေးလွင်(ဘူးရေမျက်ရွာ)မှ ပြန်လည်ပြင်ထားသည်