Samsung ဖုန်း Downloading Mode ဝင်လို့ မရသူများအတွက်
ကျနော်ကိုယ်တိုင် ကြုံခဲ့ရတဲ့ အခက်အခဲလေးတစ်ခု ဖြစ်ပါတယ်..။ နည်းနည်းလောက် လေရှည် လိုက်ဦးမယ်နော် ... သီးခံပြီး ဖတ်ပေးပါနော်။ ဒီလိုပါ.......
ကျနော် Samsung Glalaxy ဖုန်း လေးတစ်လုံးကို Firmware မှားပြီး တင်မိသွားတယ်...။ Oden နဲ့ Flash တာပါပဲ..။ Passed ဖြစ်သွားပြီး ဖွင့် ကြည့်တဲ့ အခါမှာတော့ မီးအလင်း လောက်ပဲ လာပြီး Logo လဲမတတ်လာတော့ပါ..။ ဒါမယ့် ဖုန်း ပွင့်တဲ့ အသံလေး တော့ မြည်သေးတယ်ဗျ။
အာ့တော့မှာ Firmware ကို ပြန်ကြည့်မိတော့ Firmware Model မှားတင်မိသွားတာပါ..။ Firmware ပြန် တင်မယ်ဆိုပြီး Downloading Mod ကို ပြန်ဝင်ကြည့်တော့ မရတော့ဘူးဗျာ။ နည်းလမ်း တော်တော် များများ စမ်းကြည့်ပါတယ်..။ မရဘူး ကျနော်လဲ Online က ကျနော့် ဆရာတွေကို လိုက်မေးကြည့်တော့ သူတို့က 300k resistor နဲ့ အထက်က ပုံအတိုင်းလေး လုပ်ရင် ရတယ် ပြောပြပါတယ်..။ ကျနော်လဲ အဲဒါကို ကိုယ်တိုင် မဆင်တတ်တော့ ဒီအတိုင်းလေးပဲ ထားထားခဲ့တယ်။ တစ်နေ့တော့ ကျနော် Google မှာ လျှောက်သွားရင်း နည်းလမ်းလေးကို တွေ့ခဲ့ပါတယ်...။ အဲဒါလေးကို သူငယ်ချင်းတွေကို ပြန်လည် မျှဝေပေးချင်လို့ပါ။
ဒီ 300k resistor software ကိုတော့ ကျနော် XDA က ရခဲ့တာပါ....။
Samsung ဖုန်းတွေမှာ Downloading Mode ဝင်လိုမရဘူး ဆိုရင် အထက်က ပုံမှာလို 300k resistor နဲ့ ဆင်ပြီး လုပ်စရာမလိုပဲ မိမိ ကွန်ပူက ပဲ 300k resistor software လေးနဲ့ လွယ်လွယ်နဲ့ Downloading Mode ဝင်လို့ ရနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီကောင်လေးကို ဖုန်းပြင်တဲ့ ကိုကို မိမိ များ ကလိလွန်းတဲ့ သူငယ်ချင်းဆောင်ထားသင့်လို့ ပြန်လည်မျှဝေလိုက်ခြင်းဖြစ်ပါတယ်။
မိမိ ဖုန်းမှာ တော့ usb debugging turn on လုပ်ထားပြီးသား ဖြစ်ဖို့ လိုပါတယ်ခင်ဗျာ...။
လိုအပ်တဲ့ သူငယ်ချင်းများ အောက်ဒေါင်းယူနိုင်ပါတယ်ခင်ဗျာ solidfiles မှာ တင်ပေးထားပါတယ်။
DOWNLOAD HERE
စာရေးသူအကြောင်း:
ကျနော်သည် နည်းပညာနှင့်ပတ်သက်၍ နည်းပညာသင်တန်းများအား တက်ရောက်သင်ယူခွင့် မရခဲ့သူတစ်ဦးပါ။ ကျနော် Online မှ လေ့လာသင်ယူသိထားသော အကြောင်းအရာများကို ပြန်လည်မျှဝေ ခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် Professional ကဲ့သို့ ပြည့်စုံခြင်းမရှိပါ..။ အမှားများ တွေ့ရှိပါက မေတ္တာဖြင့် နားလည်ပေးကြပါ။ မောင်အေးလွင်(ဘူးရေမျက်ရွာ)
ကျနော်နဲ့ဆက်သွယ်ရန်
အမျိုးအစား==>
android,
android tools
ဆက်လက်ဖတ်ရန် ပို့စ်များ
No comments:
Post a Comment
ပုံတင်ရန်[im]...[/im]
scrolling effect [ma]....[/ma]
စာလုံးအရွယ် [si="2"]...[/si]
အရောင် [co="red"]...[/co]
အလယ်မှာထား [ce]...[/ce]
scrolling effect ညာဘက် [ma+]...[/ma+]
ဘောက် [box]...[/box]
အမှတ် [mark]...[/mark] ;
နောက်ခံ effect [card="blue"]...[/card]
ပုံ fix size [im#]...[/im]
Link ထည့်ရန် 〈a href="ဖော်ပြလိုသော Link"〉more..〈/a>
Note: Only a member of this blog may post a comment.