rar password တောင်းခဲ့လျှင်

Showing posts with label graphic design software. Show all posts
Showing posts with label graphic design software. Show all posts

adobe illustrator cc (224.2MB)


ဒီဇိုင်းဆွဲရာမှာ အကောင်းဆုံး software ကို ပြပါဆိုရင်တော့ adobe illustrator ကို ချန်ထားလို့ မရဘူးဆိုတာကိုတော့ ဒီဇိုင်း လေ့လာသူတိုင်သိကြမှာပါ...။ တခြား အကောင်းဆုံးလို့ ပြောလို့ရတဲ့ Software တွေလဲ ရှိပါတယ်..။  adobe illustrator cc မူရင်း ဖိုင်ဆိုဒ်ကတော့ 1 GB ကျော်ကျော် ကြီး ကိုရှိပါတယ်..။ အခု ကျနော်ပြန်လည်မျှဝေလိုက်တဲ့ Repack Version လေးကတော့ 224.2MB ပဲ ရှိတာကြောင့် အင်တာနက်လိုင်းမကောင်းတဲ့ သူငယ်ချင်းတွေအတွက် တော်တော်လဲကို ဆင်ပြေမှာ ဖြစ်ပါတယ်..။ ဘာကီးမှလဲ ထည့်စရာမလိုပဲ Actived ဖြစ်ပြီးသားလေးဆိုတော့ Install လုပ်ပြီးရင် အသင့် သုံးလို့ ရပါပြီ။ လိုအပ်တဲ့ သူငယ်များအောက်မှာ ဒေါင်းလော့ ယူနိုင်ပါတယ်..။ Solidfiles မှာတင်ပေးထားပါတယ်ခင်ဗျာ။
ယာဖိုင်ဖြည်ရန်စကားဝှက်ယာဖိုင်ဖြည်ရန် စကားဝှက်တောင်ခဲ့လျှင် koayelwin ကို ထည့်ပေးပါ


ဒါလေးကို ဖတ်ပေးပါယခင်ဆိုဒ်လေးဖြစ်တဲ့ (www.ayelwin.wall.fm) က Free မပေးတော့လို့ အဖျက်ခံလိုက်ပါတယ်.. အခုနောက်ပိုင်း ယ္ခု ဘလော့လေးတွင် ဆက်လက် မျှဝေသွားပါမည်..။ လာလည်သော သူငယ်ချင်းများ ပျော်ရွှင်ကြပါစေ...မောင်အေးလွင် (ဘူးရေမျက်ရွာ)



Solidfiles
ဒေါင်းလော့လင့်

CorelDraw Graphics Suite X4+ အသုံးပြုနည်းစာအုပ်


ဘူးရေမျက်ရွာ

http://4wadi.blogspot.com/
တတ်နိုင်သည့်အရာလေးများကို အတတ်နိုင်ဆုံး မျှဝေသွားပါမည်။ အမှားများရှိပါက အပြုသဘောဖြင့် ဝေဖန်အကြံပြုပေးပါခင်ဗျာ




Graphic SoftwareEbooks

  • Graphic Designer တွေ ပန်းချီအနုပညာကို ဖတ်တီးလိုသူ လေ့လာနေသူ သူငယ်ချင်းများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ...။CorelDraw ကတော့ အခုဆိုရင် X6 အထိတောင်ထွက်ရှိနေပါပြီ။ အခု ဗားရှင်းလေးနှင့် အသုံးပြုနည်းစာအုပ်လေးကိုပါ တွဲ ပြီး တင်ပေးလိုက်ပါတယ်။ စာအုပ်ကို ပြုစုရေးသားသူကတော့ ဆရာ သန်းထိုက်(ရွှေရိပ်) ဖြစ်ပါတယ်။
  • တွဲပြီး တင်ပေးထားတဲ့ Software ကိုလဲ ဖူးဗားရှင်း အဖြစ် အသုံးပြုနိုင်အောင် Keygen လေးပါ ရှာဖွေတင်ပေးထားပါတယ်ခင်ဗျာ။ စာအုပ်နဲ့ Keygen ကိုတော့ site လေးခုမှာ ပြန်လည်တင်ပေးထားပါ။ CorelDraw setup ဖိုင်ကတော့ ဖိုင်ဆိုဒ်လည်းနည်းနည်း ကြီးတာကြောင့် ဒေါင်းရတာ အဆင်ပြေအောင် Resume ရတဲ့ ဆိုဒ်မှာ တင်ပေးထားပါတယ်။ အချိန်ပေးပြီး တစ်ရက်မှာ နည်းနည်းဒေါင်းယူလို့လဲ ရပါတယ်။ ဖိုင်ဆိုဒ်ကတော့ 366 MB ရှိပါတယ်။ လိုင်းကောင်းတဲ့ သူတွေအတွက်တော့ မိနစ်ပိုင်းမှာ ဒေါင်းယူနိုင်ပေမယ့် ကျနော်တို့ မြန်မာ နိုင်ငံက ကွန်နက်ရှင်နဲ့ ဆိုရင်တော့ တော်တော် လေးကို အချိန်ပေးရမှာဖြစ်ပါတယ်။

  • CorelDraw Graphics Suite X4 ကိုတော့ ဒီလင့် မှာ သွားရောက် ဒေါင်းယူနိုင်ပါယ်ခင်ဗျာ။
  • အသုံးပြုနည်းစာအုပ်နှင့် Keygen ကို တော့ အောက်မှာ ဒေါင်းယူနိုင်ပါတယ်ခင်ဗျာ။



ဒါလေးကို ဖတ်ပေးပါဒီဘလော့လေးသည် ဘူးရေမျက်ရွာ (wall.fm) ဆိုဒ်လေးမှ တည်ထောင်ထားပါသည် ဘာကြောင့်လဲဆိုတော့ wall.fm ဆိုဒ်များ free မရတော့လျှင် ယ္ခုဘလော့တွင် ဆက်လက်မျှဝေသွားနိုင်ရန် စီစဉ်ထားခြင်းဖြစ်ပါသည်

အသုံးပြုနည်း စာအုပ်ကို ဒေါင်းရန်

Tusfiles
ဒေါင်းလော့လင့်
Solidfiles
ဒေါင်းလော့လင့်
Sharebeast
ဒေါင်းလော့လင့်
Zippyshare
ဒေါင်းလော့လင့်
keygen ကိုဒေါင်းရန်
Link1Link2Link3Link4

Adobe Photoshop CC 14.1.2 Final RePack


Photoshop

Adobe Photoshop cc ဗာရှင်း 14 နောက်ဆုံထွက် ဗားရှင်းလေးဖြစ်ပါတယ်...။ 1GB ကျော်သော ဖိုင်ဆိုဒ်ရှိသော ဖိုင်အား ပြန်လည် Retail လုပ်ထားပြီး အက်တစ်ဖြစ်ပြီးသားလေးဖြစ်ပါတယ်။ Repack ဖိုင်ဆိုဒ်ကတော့ 300 MB ကျော်ကျော် လေး ပဲ ရှိပါတယ်။ ဓါတ်ပုံပြင်သူ သူငယ်ချင်းများ အကြိုက်တွေမယ်လို့ မျှော်လင့်ပါတယ်။ 32 ရော 64 ပါ အဆင်ပြေပြေ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
window အတွက် ဖြစ်ပါတယ် .Mac အသုံးပြုများအတွက်တော့ ဆက်လက်တင်ပေးသွားပါမယ်ခင်ဗျာ

Photoshop CC system requirements


Windows


  • Intel® Pentium® 4 or AMD Athlon® 64 processor (2 GHz or faster)
  • Microsoft® Windows® 7 with Service Pack 1, Windows 8, or Windows 8.1
  • 1 GB of RAM
  • 2.5 GB of available hard-disk space for installation; additional free space required during installation (cannot install on removable flash storage devices)
  • 1024 x 768 display (1280 x 800 recommended) with OpenGL® 2.0, 16-bit color, and 512 MB of VRAM (1 GB recommended)*
  • Internet connection and registration are necessary for required software activation, membership validation, and access to online services.†


rar passwordrar ဖိုင်ဖြည်ရန် password ကို အောက်က Link မှာ ကြည့်ပေးပါ ခင်ဗျာ



ဒါလေးကို ဖတ်ပေးပါဒီဘလော့လေးသည် ဘူးရေမျက်ရွာ (wall.fm) ဆိုဒ်လေးမှ တည်ထောင်ထားပါသည် ဘာကြောင့်လဲဆိုတော့ wall.fm ဆိုဒ်များ free မရတော့လျှင် ယ္ခုဘလော့တွင် ဆက်လက်မျှဝေသွားနိုင်ရန် စီစဉ်ထားခြင်းဖြစ်ပါသည်

   4Shared
ဒေါင်းလော့လင့်

ဘလော့ဂါ Template ကိုယ်တိုင်ရေးကြမယ်


ဘလောဂါကိုကို မိမိ များ အတွက် ဆောင်ထားသင့်တဲ့ ဆော့ဝဲလ်လေးဖြစ်ပါတယ်။Artisteer ဆိုရင်တော့
ကိုကို မမ များ သိကြမယ်လို့ ထင်ပါတယ်။ မသိသေးသော သူများ အတွက်လဲ အနည်းလောက် လေရှည် ခွင့်ပြုပါ။ ဒီဆော့ဝဲလ် ကို ဘာအတွက်သုံးတာလဲ ဆိုရင်တော့ Blogger Template ရေးသားဖို့ အတွက် အသုံး ပြုတာဖြစ်ပါတယ်။ ဒီကောင်လေးရဲ့ အားသာချက်က Coding ပိုင်းကို ဘာမှ မသိတဲ့ သူတွေတောင် Blogger Template ကို လှပသေသပ်စွာ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။


  •  ပထမဆုံးအောက်မှာ ပေးထားတဲ့ Link ကနေ ဆော့ဝဲလ်နှင့် Patch ကို ဒေါင်းလော့ ယူလိုက်ပါ။
  • မိမိ ကွန်ပူတာမှာ Install လုပ်လိုက်ပါ။ ပြီးရင်တော့ Patch ကို Copy ယူလိုက်ပါ။ Desktop ပေါ်က  Artisteer Icon မှာ R-click ထောက်၊ Properties>Open file location ကို သွားလိုက်ပါ။ အဲဒီကို ရောက်ရင်တော့ Paste လုပ်လိုက်ပါ။ ပြီးရင်တော့ Patch ကို Run as Admin ပေးလိုက်ပါ။ Artisteer ကို ဖူးဗားရှင်း အဖြစ် အသုံးပြုနိုင်ပါပြီ။
  • ဒီဆော့ဝဲလ်လေးနဲ့ Joomla!™, WordPress, Drupal, DotNetNuke နှင့် Blogger Template များ ရေးသားနိုင်ပါတယ်။

  • အသုံးပြုရတာ ကတော့ လွယ်ကူပါတယ် ကိုယ်တိုင်စမ်း ကြည့်လိုက်ပါ။

 


ဒါကတော့ Setup.exe ဖြစ်ပါတယ်
ဒေါင်းလော့ဖိုင်အမျိုးအစားဒေါင်းလော့ဖိုင်ဆိုဒ်ဒေါင်းလော့ယူရန် ဖိုင်အမျိုးအစား
116MB

ဒါကတော့ Patch ဖိုင်လေးပါ
ဒေါင်းလော့ဖိုင်အမျိုးအစားဒေါင်းလော့ဖိုင်ဆိုဒ်ဒေါင်းလော့ယူရန် ဖိုင်အမျိုးအစား
7.3MB


ဒါလေးကို ဖတ်ပေးပါဒီဘလော့လေးသည် ဘူးရေမျက်ရွာ (wall.fm) ဆိုဒ်လေးမှ တည်ထောင်ထားပါသည် ဘာကြောင့်လဲဆိုတော့ wall.fm ဆိုဒ်များ free မရတော့လျှင် ယ္ခုဘလော့တွင် ဆက်လက်မျှဝေသွားနိုင်ရန် စီစဉ်ထားခြင်းဖြစ်ပါသည်

onOne Photo Suite 7 (Latest Version )

   ဓါတ်ပုံသမားများလက်စွဲ onOne Photo Suite 7 (Latest Version )


ယနေ့ ခေတ် ဓါတ်ပုံလောကရဲ့ ဓါတ်ပုံသမားများ အနေနဲ့ ဓါတ်ပုံတစ်ပုံကို
ရိုက်ကူးရယူနိုင်ရုံနဲ့တင် ပြီးပြည့်စုံကောင်းမွန်တဲ့ ပုံကောင်းတစ်ပုံထွက်လာ
ဖို့ မဖြစ်နိုင်တော့ပါဘူး ။ ပြင်ဆင်တည်းဖြတ်ခြင်းဆိုတဲ့ အခန်းကဏ္ဍကို မဖြစ်မနေ လုပ်ရမယ့်
အခြေအနေနဲ့ ခေတ်ကာလကို ရောက်လို့လာပါပြီ ။


သာမန်အားဖြင့် ဆိုရင် ဓါတ်ပုံသမားဆိုတာက ကင်မရာနဲ့ သာပိုပြီး အကျွမ်းတ၀င်ရှိ
တတ်ကြပါတယ် ။ ရိုက်ကူးခဲ့တဲ့ပုံတွေကို ပြင်ဆင်တည်းဖြတ် ဆန်းသစ်ဖို့ကြတော့ ကွန်ပျူတာကို အသုံးပြုပြီး

ဓါတ်ပုံတည်းဖြတ် ဆော့ဝဲလ်များရဲ့ အကူအညီကို ရယူကြရပါတယ် ။ ဒီဂျစ်တယ် ခေတ်မှာ ဒီဂျစ်တယ်ကင်မရာတွေနဲ့ ဒီဂျစ်တယ်ဓါတ်ပုံတွေကို ရိုက်ကူးပြီး ဒီဂျစ်တယ်ကွန်ပျူတာတွေနဲ့ ပြင်ဆင်တည်းဖြတ်ရမှာ မလွဲဧကန် ပါပဲ ။ ဘာကိုမှ ပြင်စရာမလိုအောင် ရိုက်ကူးရယူခဲ့တဲ့ ပုံဆိုရင်တောင် Raw ဖိုင် ကနေ Print ထုတ်ဖို့ လိုအပ်တဲ့ ဖိုင်ဆိုဒ်အရွယ်အစားနဲ့ အရောင်အသွေးကိုရဖို့တော့ ပြုပြင်တည်းဖြတ်ရမှာပါ ။

ဓါတ်ပုံသမားများအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ ဓါတ်ပုံတည်းဖြတ် ဆော့ဝဲလ်တွေကလည်း အများအပြားပေါ်ထွက်နေပါပြီ ။ အဲဒီ့ အထဲကမှ အသုံးပြုရအလွယ်ကူဆုံး နဲ့ အကောင်ဆုံး ဆော့ဝဲလ်တစ်ခု အကြောင်းပြောပြချင်ပါတယ် ။ အမေရိကန်နိုင်ငံ ၊ အော်ရီဂွန် အခြေစိုက် Photoshop Plug-in တွေကို အဓိက ထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်တဲ့ onOne Software ကနေ အသစ်ထုတ်လုပ်လိုက်တဲ့ Photo Suite ဖြစ်ပါတယ် ။ ဒီ onOne Photo Suite 7 ဆိုတဲ့ နောက်ဆုံးထွက် Plug-in ဟာ Photoshop မှာသာမက အခြား ဓါတ်ပုံတည်းဖြတ်ဆော့ဝဲလ်များဖြစ်တဲ့ Lightroom ၊ Aperture ၊ Photoshop Elements အစရှိတဲ့ ဆော့ဝဲလ်များနဲ့ပါ တွဲဖက်အသုံးပြုနိုင်ပါတယ် ။
ဒါ့အပြင် Plug-in အဖြစ်နဲ့သာမက Photo Suite တစ်မျိုးတည်းကိုပဲ Standalone Application တစ်ခုအနေနဲ့လည်း အသုံးပြုနိုင်ပါသေးတယ် ။ အမျိုးမျိုးသော ကွန်ပျူတာ ၀င်းဒိုး စနစ်များမှာ အသုံးပြုနိုင်အောင် စီစဉ်ပေးထားသလို iPhone ၊ iPad တို့ကဲ့သို့ Mobile Device တွေမှာလည်း အသုံးပြုနိုင်အောင် ထုတ်လုပ်ထားပါတယ် ။
onOne Photo Suite 7 မှာတော့ ယခင် ဗားရှင်းများမှာ မပါဝင်ခဲ့သေးတဲ့ အဖြူအမည်း ဓါတ်ပုံများကို ပြင်ဆင်တည်းဖြတ်တဲ့ Perfect B&W ဆိုတဲ့ New Plug-in တစ်ခုပါဝင်လို့လာပါတယ် ။ မျက်နှာပိုင်း အလှဓါတ်ပုံများကို အဓိကထားပြုပြင်ပေးတဲ့ Perfect Portrait 2 ၊ ဆန်းသစ်လှပတဲ့ Photo Effects များကို ပေးစွမ်းဖြည့်ဆည်းပေးနိုင်တဲ့ Perfect Effects 4 နဲ့ Focal Point 2 ၊ Layer များကို Blend Mode အမျိုးမျိုးပြောင်းပြီး စိတ်ကြိုက်ဖန်တီး ခွင့်တွေပေးထားတဲ့ Perfect Layers 3 ၊ ဓါတ်ပုံထဲက နောက်ခံ Beckground တွေကို ဖြတ်ထုတ်တဲ့နေရာမှာ ပြိုင်စံရှားတဲ့ Perfect Mask 5 ၊ ဓါတ်ပုံများကို အမျိုးမျိုးသော ပုံနှိပ်အရည်အသွေးရရှိအောင် ပြူပြင် ချဲ့ကားပေးနိုင်တဲ့ Perfect Resize 7.5 Pro အစရှိတဲ့ Plug-in အမျိုးကွဲပေါင်း (၇) မျိုးကို ဒီ Photo Suite 7 ထဲမှာ ထည့်သွင်းပေးထားပါတယ် ။
ယခင် Photo Suite 6 တုန်းက ပါဝင်တဲ့ PhotoFrame ကို အခမဲ့ အဖြစ်ပြောင်းလဲထုတ်လုပ်ပြီးအသစ်ထွက် Suite 7 မှာ ထည့်သွင်းတွဲဖက် ထုတ်ဝေထားပါတယ် ။ ဒါဆို onOne Photo Suite 7 မှာပါဝင်တဲ့ Plug-in (၇) မျိုးကို တစ်ခုခြင်းစီ ခွဲခြားကြည့်ရအောင်ပါ ။

Perfect B&W

Black & White ဓါတ်ပုံပညာ တနည်းဆိုရရင် Monocrome Photography ရဲ့ အမျိုးအစားကွဲ ပေါင်းမြောက်များစွာနဲ့ အခေါ်အဝေါ်တွေကို ဒီ Perfect B&W Plug-in ကိုအသုံးပြုကြည့်တော့မှပဲ စေ့စေ့ပေါက်ပေါက်သိရပါတော့တယ် ။ အရောင်အမျိုးအစားပေါင်းမြောက်မြားစွာနဲ့ ရိုက်ကူးထားတဲ့ ဆေးရောင်စုံ ဓါတ်ပုံများကို အံ့သြဖွယ်ရာ အလင်းအမှောင် အဖြူအမည်းဓါတ်ပုံတွေ အဖြစ်ပြုပြင်ပြောင်းလဲပေးနိုင်ပါတယ် ။ အရမ်းကို ထူးခြားကောင်းမွန်သလို ဆေးရောင်စုံနဲ့ အဖြူအမည်း ဓါတ်ပုံပညာတို့ရဲ့ ခြားနားခြင်းကို ထင်မှတ်မထားလောက်အောင် လက်တွေ့သိမြင်စေပါတယ် ။

Perfect Portrait 2

ဓါတ်ပုံထဲမှာပါဝင်တဲ့ လူတွေရဲ့ မျက်နှာပိုင်းအလှအပနဲ့ အသားအရေကို အဓိကထား ပြုပြင်တည်းဖြတ်တဲ့ Plug-in ဖြစ်ပါတယ် ။ ပုံထဲမှာပါဝင်တဲ့ လူတွေရဲ့ မျက်နှာကို အလိုအလျောက် သတ်မှတ်ရွေးချယ် ပြင်ဆင်နိုင်စွမ်းရှိပြီး အမည်းစက် ၊ ၀က်ခြံ ၊ တင်းတိပ် အစရှိတဲ့ လူမျက်နှာနဲ့ အရေပြားပေါ်က မလိုလားအပ်တဲ့ အစွန်းအထင်းများကို ဖယ်ရှားပေးမှာပါ ။ ဒါ့အပြင် အသားအရေကို ပြင်ပ အရောင်များပါဝင်စွက်ဖက်နေခြင်း မရှိအောင် ချိန်ညှိပေးနိုင်တဲ့ Color Correction Function လည်းပါဝင်ပါတယ် ။

Perfect Layers 3

ဓါတ်ပုံထဲက အလှတရားများကို Photoshop မှာ Layer အများအပြား ခွဲခြားပြီး Blend Mode အမျိုးမျိုးပြောင်းလဲလို့ ဆန်းသစ်တီထွင်မွန်းမံတဲ့ အခန်းကဏ္ဍကို ဒီ Perfect Layers 3 က အပြည့်အ၀ ပြုလုပ်ပေးပါတယ် ။ Plug-in ထဲမှာပါဝင်ထည့်သွင်းထားတဲ့ Preset Beckground များထပ်မံပေါင်းထည့်ပြီးတော့လည်း ဓါတ်ပုံတွေကို ပြုပြင်လို့ရနိုင်ပါတယ် ။ နဂိုဓါတ်ပုံအပေါ်ကနေ Color Layer များထပ်မံပေါင်းထည့်ပြီး စိတ်ကြိုက် တည်းဖြတ်နိုင်ပါသေးတယ် ။

Perfect Effects 4

Effect အမျိုးအစားပေါင်းမြောက်များစွာပါဝင်တဲ့ Effect Library တစ်ခုကို ထည့်သွင်းပေးထားပါတယ် ။ အမြင်ဖူးမကြားဖူးတဲ့ Photo Effect ပေါင်းမြောက်များစွာကို မြင်တွေ့ရပြီး အဆင်ပြေလွယ်လင့်တကူ ရွေးချယ် တည်းဖြတ်နိုင်အောင် မိမိဖွင့်လှစ်တည်းဖြတ်နေတဲ့ ဓါတ်ပုံကိုပဲ အမျိုးမျိုးသော Effect များပေါင်းစပ်ပြီး ဖော်ပြပေးထားပါတယ် ။ ဓါတ်ပုံ ပြင်ဆင်တည်းဖြတ်ခြင်းကို မကြိုက်နှစ်သက်တဲ့ ဓါတ်ပုံသမားများတောင် ဓါတ်ပုံတစ်ပုံလောက်ကို ဒီဆော့ဝဲလ်မှာ ဖွင့်လှစ်ပြီး တည်းဖြတ်ကြည့်လိုက်ရင် စိတ်ပြောင်းသွားနိုင်ပါတယ် ။ ဓါတ်ပုံရိုက်ကူးခဲ့စဉ်က မပါဝင် မထည့်သွင်းဖြစ်လိုက်တဲ့ Lens Filter Effect များကို Perfect Effects 4 အသုံးပြုပြီး ထပ်မံထည့်သွင်းကြည့်လိုက်ပါ ။ အချိန်ကုန်သက်သာသလို ငွေကြေးစရိတ်စကလည်းသက်သာပါတယ် ။

Perfect Resize 7.5 Pro

ဓါတ်ပုံများကို ဒီဂျစ်တယ်ကင်မရာများနဲ့ ရိုက်ကူးပြီး ကွန်ပျူတာများအသုံးပြုပြီး ပြင်ဆင်တည်းဖြတ်မွမ်းမံပြီးတဲ့ နောက်မှာတော့ ပုံနှိပ်ထုတ်ယူဖို့ လိုအပ်လာပြန်ပါပြီ ။ ဓါတ်ပုံများကို အမျိုးမျိုးသော ပုံနှိပ်အရည်အသွေးနဲ့ အရွယ်အစားများအလိုက် ပြုပြင်ထုတ်ယူနိုင်ဖို့ စီမံပေးပါတယ် ။ အသေးဆုံး ဓါတ်ပုံအရွယ်အစားကနေ အကြီးဆုံး Billboard ဆိုဒ်လောက်အထိ ဓါတ်ပုံများရဲ့ အရွယ်အစားကို ချဲ့ကားထုတ်လုပ်ပေးတဲ့ နေရာမှာ ပြိုင်ဘက်ကင်းပါတယ် ။

Perfect Mask 5

onOne Photo Suite တွေကို နာမည်ကျော်စေခဲ့တဲ့ onOne ရဲ့ အဓိက ထုတ်ကုန်ဖြစ်ပါတယ် ။ ဓါတ်ပုံတစ်ပုံမှာပါဝင်တဲ့ နောက်ခံ Beckground တွေကို မလိုလားလို့ပဲဖြစ်ဖြစ် ပြုပြင်ပြောင်းလဲ အစားထိုးချင်လို့ပဲဖြစ်ဖြစ် ဖြတ်ထုတ်တဲ့နေရာမှာ ကမ္ဘာကျော်ပါတယ် ။ ဆံပင်သားကဲ့သို့သော အသေးစိတ် ဖြတ်ယူမှုတွေကနေ စလို့ အလင်းပေါက်အရာဝတ္ထုတွေဖြစ်တဲ့ ပုလင်း ၊ ဖန်ခွက် ၊ ဆပ်ပြာပူဖောင်းတို့မှာ တွဲဖက်ပါဝင်နေတဲ့ နောက်ခံ ကိုတောင် တိကျလှပ သပ်ရပ်စွာ ဖြတ်ထုတ်ရှင်းလင်းပေးနိုင်ပါတယ် ။

Focal Point 2

ကင်မရာမှန်ဘီလူး အမျိုးအစားပေါင်းမြောက်မြားစွာနဲ့ ဓါတ်ပုံတစ်ပုံကို ရိုက်ကူးဖို့ ဆိုတာ အလွန်ခဲယဉ်းသလို မဖြစ်နိုင်ပါဘူး ။ ဒါပေမယ့် Focal Point Plug-in ကတော့ဖြစ်နိုင်ပါတယ် ။ အမျိုးမျိုးသော ကင်မရာမှန်ဘီလူးတွေရဲ့ စာရင်းနဲ့တွဲဖက်ပြီး အဲ့ဒီမှန်ဘီလူးတွေနဲ့ ရိုက်ကူးရယူရင်ဖြစ်နိုင်မယ့် Focal Effect နဲ့ Lens Effect ၊ Tele Effect ၊ Macro Effect အစရှိတဲ့ သဘာဝ ကျကျ Effect များအပြင် နာမည်ကျော် Bokeh Effect များကိုလည်း ထပ်မံထည့်သွင်းပေါင်းစပ်ပေးမှာပါ ။ ရှင်းရှင်းပြောရရင် Tele Zoom Lens မရှိတဲ့ ဓါတ်ပုံသမားအနေနဲ့ ကိုယ့်မှာရှိတဲ့ မှန်ဘီလူးနဲ့ပဲရိုက်ကူးထားတဲ့ ဓါတ်ပုံကို Tele Zoom နဲ့ ရိုက်ကူးလိုက်သလို Effects မျိုး ပြုပြင်ပြောင်းလဲလို့ရနိုင်ပါတယ် ။

အချုပ်ဆိုရရင် ဒီ onOne Photo Suite 7 ဟာ ဓါတ်ပုံသမားတိုင်း အသုံးပြုသင့်တဲ့ ဓါတ်ပုံတည်းဖြတ်ဆော့ဝဲလ် ဖြစ်ပါတယ် ။ လွယ်ကူတယ် ၊ အချိန်ကုန်သက်သာတယ် ၊ အံ့သြဖွယ်ရာပြုပြင်တည်းဖြတ်မှုများကို ပေးစွမ်းတယ် ဆိုတာလောက်တင်မကပါဘူး ။ ထင်မှတ်မထားလောက်အောင် ဓါတ်ပုံပညာ ဗဟုသုတနဲ့ ရသကိုလည်ပေးစွမ်းပါသေးတယ် ။ ဒီ Photo Suite 7 ကို အသုံးပြု လေ့လာချင်တယ်ဆိုရင်တော့ www.ononesoftware.com ဆိုတဲ့ website ကနေ ၀င်ရောက်လေ့လာနိုင်ပါတယ် ။ ရက် ၃၀ စာ စမ်းသပ်အသုံးပြုနိုင်ဖို့ အခမဲ့ Download ခွင့်ပေးထားပါတယ် ။ ဒါ့အပြင် ဆော့ဝဲလ် အသုံးပြုပုံ လမ်းညွန် ဗီဒီယိုများ သင်ခန်းစာများကိုလည်း onOne University ဆိုတဲ့ Tag ကနေ၀င်ရောက်လေ့လာနိုင်ပါတယ် ။ onOne အသုံးပြုသူများရဲ့ ဆော့ဝဲလ်နဲ့ပတ်သတ်တဲ့ အတွေ့အကြုံနဲ့ ဆန်းသစ်တီထွင်ထားတာတွေကို လေ့လာဆွေးနွေးဖို့ရာ Coffee Talk ဆိုတဲ့ ကဏ္ဍကိုလည်း ထည့်သွင်း ပေးထားပါတယ် ။ ဒီတော့ onOne ဟာ ခေတ်သစ် ဓါတ်ပုံပညာရပ် အတွက် အထောက်အကူအများကြီးပေးနိုင်မှာ သေချာပါတယ် ။



 http://clickpax.wordpress.com/...photo-suite-7-crack/

https://www.facebook.com/ClickpaxOriginal
download software
source is ----->http://www.ononesoftware.com/products/suite7/
download for windows
ဒေါင်းလော့83mb
download for Macs
ဒေါင်းလော့934mbs
----------------
OnOne Perfect Photo Suite 7 Crack
ဒေါင်းလော့
Perfect Photo Suite 7.rar 6.46 mb


Credit to  TechSpace Journ

CorelDRAW Graphics Suite X6

What's new in CorelDRAW Graphics Suite X6:
  • New! Advanced OpenType® support
  • New! Custom-built Color Harmonies
  • New! Multiple trays in Corel® CONNECTâ„¢ X6
  • New! Creative vector shaping tools
  • New! Document styles
  • New! Page layout tools
  • Enhanced! Complex script support
  • New! Website design software
  • Enhanced Speed! Native 64-bit and multi-core support
  • New! Bitmap and vector pattern fills
  • ayelwin-it.blogspot.com
    အောက်ကနေရာလေးမှာ သွားပြီး trial version လေးကို အရင်ဒေါင်းလိုက်ပါ


ကီးဂျင် ကို အောက်ကလင့်လေးမှာ သွား ဒေါင်းလိုက်ပါ ကီးဂျင် rar ဖိုင်ရဲ့ ပါ့စ၀က် ကတော့ koayelwin ဖြစ်ပါတယ်
အားလုံးအဆင်ပြေကြပါစေ
 
Support : Creating Website | Johny Template | Mas Template
Copyright © 2021. ဘူးရမေကျြရှာ - All Rights Reserved
Template Modify by Creating Website
DESIGN by မောင်အေးလွင်(ဘူးရေမျက်ရွာ)မှ ပြန်လည်ပြင်ထားသည်