rar password တောင်းခဲ့လျှင်

Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

https://www.tusfiles.net/ မှ ဒေါင်းလော့ဆွဲနည်း

ဒေါင်းလော့ လုပ်တဲ့နေရာမှာ ဆိုဒ်တစ်ဆိုဒ်နှင့် တစ်ဆိုဒ် ဒေါင်းလော့ လုပ်ရတာ မတူတာလေးတွေရှိပါတယ်။ အခုမှ Online ကိုစတင်သုံးစွဲသူညီငယ် ညီမငယ်များ ဒေါင်းလော့ဆွဲရာမှာ အဆင် မပြေတာလေးတွေ ရှိနိုင်မယ်ဆိုတဲ့ အတွေးလေးနဲ့ ဒေါင်းလော့လုပ်နည်း အကြောင်းလေးတွေကို
Hosting အသုံးများသော ဆိုဒ်သော ဆိုဒ်များကို တစ်ခုချင်း တင်ပေးရင်ကောင်းမှာပဲဆိုတဲ့ အတွေးလေးပိုလာလို့ အခု Post လေးကို စတင်ရေးသားလိုက်ပါတယ်..။ သိတဲ့သူတွေအတွက် အရေးမပါပေမယ့် အခုမှ စတင်လေ့လာသုံးစွဲတဲ့ ညီငယ် ညီမငယ်လေးများ မသိကြသေးတဲ့ သူငယ်ချင်းများအတွက် ရည်ရွယ်ပြီး ရေးလိုက်ပါတယ်။
ဒီနေ့မှာတော့ TUSFILES https://www.tusfiles.net/ ကဒေါင်းလော့ ဆွဲနည်းလေးကို တင်ပြလိုက်ပါတယ်။
  • https://www.tusfiles.net/ မှာ ဒေါင်းလော့ဆွဲ ရတော့မယ်ဆို ကိုယ်ဒေါင်းချင်တဲ့ ဖိုင်လေးက https://www.tusfiles.net/ မှာတင်ထားတယ် ဆိုရင်တော့ အောက်မှာ Screenshot ရိုက်ပြီး တင်ပေးထားပါတယ်။
အရင်ဆုံး Use our download manager and get recommended downloads ဆိုတဲ့ စာသားလေးရှေ့က အမှန်ခြစ်လေးကို ဖြုတ်ပေးပါ...။ မဖြုတ်ဘူးဆိုရင်တော့ မိမိလိုချင်တဲ့ File ကို https://www.tusfiles.net/ ကထုတ်လုပ်ထားတဲ့ download manager နဲ့ မိမိလိုချင်တဲ့ File ကို ဒေါင်းမယ်ဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်...။ဖြုတ်လိုက်ရင်တော့ ကျနော်တို့ ကန်ပူတာမှာ သွင်းထားတဲ့ IDM တိုလို့ မိမိ ကန်ပူတာမှာ သုံးနေတဲ့ download manager နဲ့ လိုချင်တဲ့ဖိုင်ကို ဒေါင်းမယ်ဆိုတဲ့ သဘောပဲဖြစ်ပါတယ်...။

အမှန်ခြစ်လေးကို ဖြုတ်ပြီးတဲ့နောက်မှာတော့ Direct Download Link ဆိုတာလေးကို ကလစ်လိုက်ပါ..။
New Tab တွေ နှစ်ခု သုံးခုလောက် တတ်လာတတ်ပါတယ်...။ ဒါကတော့ သူ့ဆိုဒ်ရဲ့ ကြော်ငြာကလစ်များဖြစ်ပါတယ်...။ အသစ်ဖွင့်လာတဲ့ New Tab တွေကို ပြန်ပိတ်လိုက်လို့ ရပါတယ်..။ ပြီးရင်တော့ စက္ကန့်အနည်းငယ်ကြာတဲ့ အခါမှာ မိမိဒေါင်းလိုတဲ့ File က မိမိ computer မှာ download manager နဲ့ ဒေါင်းလော့ဆွဲနေတာကို တွေ့မှာ ဖြစ်ပါတယ် .....။

သိပြီးသား ညီအကို မောင်နှမများ များပါတယ်...။ ကျနော်ရည်ရွယ်တာက Self-stuy  လုပ်နေကြတဲ့ မသိသေးသော ညီငယ်များ ညီမငယ်များ သင်တန်းတွေတတ်ဖို့ အတွက် အခွင့်အရေး မရခဲ့တဲ့ သူများအတွက်ပါ...။ ကျနော်ကိုယ်တိုင်လဲ သင်တန်းတက်ခွင့်မရခဲ့တာကြောင့် ကျနော့်ကဲ့သို့သော ညီငယ် ညီမငယ်လေးများ အတွက် အထောက်အကူလေးများ ဖြစ်စေပါကြောင်း ဆန္ဒဖြင့် ရေးသားလိုက်ရခြင်းသာဖြစ်ပါသည်...။ဆက်လက် တင်ပြပါဦးမည်...။

အားလုံးသော သင်ဆရာ မြင်ဆရာ အွန်လိုင်းဆရာများ နှင့် သူငယ်ချင်းများကို အစဉ်လေးစားလျှက်


ဒါလေးကို ဖတ်ပေးပါဒီဘလော့လေးသည် ဘူးရေမျက်ရွာ (wall.fm) ဆိုဒ်လေးမှ တည်ထောင်ထားပါသည် ဘာကြောင့်လဲဆိုတော့ wall.fm ဆိုဒ်များ free မရတော့လျှင် ယ္ခုဘလော့တွင် ဆက်လက်မျှဝေသွားနိုင်ရန် စီစဉ်ထားခြင်းဖြစ်ပါသည်


Window8 ရဲ့ “Operation System not found” ကိုဖြေရှင်းနည်း

Window8 ရဲ့ “Operation System not found”  ကိုဖြေရှင်းနည်း


ဖြစ်ပုံက တစ်နေ့ ကျွန်တော်လည်း ကျွန်တော့်ဆရာအိမ်မှာ စက်တွေသွား
ဆင်နေတုန်း Customer တစ်ယောက်က ဖုန်းလှမ်းဆက်လို့ သူ့ဝင်းဒိုး၈ ကြီး
က ဘာမှ မတက်လာတော့ပဲ “Operation system not found” ဆိုပီးတော့ပဲ
ပေါ်နေတယ်ဆိုလို့ ကျွန်တော် Customer Site ထဲကိုရောက်သွားတယ်။ဟို
ရောက်တော့ ကျွန်တော်လည်း စက်ကိုဖွင့်ကြည့်လိုက်တယ်။ ဟုတ်ပါတယ်။


“Operation system not found” ဆိုပီး နောက်ခံ Screen အမဲရောင်ကြီး
နဲ့ ပဲ ပေါ်နေတော့ ကျွန်တော်လည်း Window 8 ဆိုတော့ အခွေကို Drive
ထဲထည့်ပီး Boot တက်ပီး System Repair လုပ်မယ်ဆိုပီးတက်လိုက်တယ်။
အခွေကို မဖတ်ပဲ “Operation system not found” ဆိုတာပဲပေါ်နေတယ်။
ကျွန်တော်လည်း အခွေမကောင်းဘူးထင်ပီး နောက်ထပ် ၀င်းဒိုးအခွေကိုထပ်
ထည့်ပီး Boot တက်ကြည့်တယ်။ မရပြန်ဘူးဗျ။ ဒါနဲ့ ထုံးစံအတိုင်းပေါ့........
Hiren’s Boot CD ကိုထည့်ပီး Boot တက်ကြည့်တော့လည်းမရဘူး။ဖြစ်ချင်
ရာဖြစ်ဆိုပီး Window7 ကိုတန်းတင်မယ်ဆိုပီး Window7 အခွေထည့်ပြန်
တော့လည်း Boot မတက်လာဘူး။ ဒါနဲ့ အခွေကိုမဖတ်တော့ ODD မကောင်း
ဘူးထင်ပီး ကျွန်တော့ Services လက်ဆွဲတော် Portable Linux သွင်းထားတဲ့
USB Stick ကိုတပ်ပီး Boot တက်ကြည့်ပြန်တော့လည်း ဘယ်လိုမှ Boot တက်
မလာဘူး... ကျွန်တော်လည်း တော်တော်လေး ခေါင်းခြောက်သွားတယ်ဗျ....

ဒါနဲ့ FB မှာ Status (Post) တင်လိုက်တယ်။ ကျွန်တော့် နည်းပညာညီအကို
မောင်နှမတွေဝင်ဖြေပေးကြပါတယ်။ ကျွန်တော်လည်းသူတို့ Comment တွေ
အတိုင်းကြိုးစားကြည့်တယ်။ ကျွန်တော့်ဘာသာ Googling လုပ်ပီး ထွက်လာတဲ့
Result တွေအတိုင်းကြိုးစားကြည့်တယ် မရဘူး။ ဘာလို့လည်းဆိုတော့ဘယ်
လိုမှ Boot Devices တွေကို Boot မလုပ်တဲ့အတွက်ကြောင့်ပေါ့။ ဒါနဲ့ ကျွန်တော်
Hardware Error တက်တယ်ထင်ပီး စက်ကိုဖွင့်လိုက်တယ်။ ပီးတော့ အရင်ဆုံး
CMOS Battery ကိုဖြုတ်ပီး CMOS Clear လုပ်ကြည့်တယ်။ မရဘူး။ HDD, RAM
တွေကိုလည်း Replacement လုပ်ကြည့်တယ်။ ဘယ်လိုမှမရဘူး။ဒါနဲ့ ပဲ တစ်ရက်
ပြစ်ထားလိုက်တယ်။ နောက်နေ့မနက်ကျတော့ ပြန်စမ်းကြည့်တယ်။ အလားတူပါ
ပဲ။ ဘာမှ ထူးမလာဘူး.. ဒီလိုနဲ့ FB ပေါ်တစ်ချက်တက်ကြည့်လိုက်တယ်။ ကျွန်တော့
Post အောက်မှာ အန်တီဝမ်း (စပါယ်ရှယ်ဝမ်း) Comment ပေးထားတာလေးကို
သွားတွေ့တယ်။ UEFI ဆိုတာလေးကိုပေါ့... ဒါနဲ့ ကျွန်တော်လည်း စက်ကို ချက်ချင်း
ဖွင့်ပီး BIOS ထဲကိုဝင်လိုက်တယ်။ပီးတော့

Boot menu အောက်မှာရှိတဲ့ Boot Mode: မှာ Default အတိုင်းဖြစ်နေတာက
UEFI Mode ပါ။ ကိုကြီးဝင်း (၀င်းကမ္ဘာကျော်)ပြောတာက UEFI Mode ဖြစ်နေရင်
ဘယ် Boot Devices ကိုမှ Enable မပေးဘူးဆိုတာကြောင့် ကျွန်တော်လည်း
လက်ရှိ Default mode ဖြစ်တဲ့ UEFI ကို Legacy BIOS Mode ကိုပြောင်းပီး


First Boot Devices မှာ ကျွန်တော့ USB  ကိုပေးပီး ပါဝါကိုပိတ်ပီး ပြန်ဖွင့်လိုက်တဲ့
အခါမှာ Stick ကို Boot လုပ်တဲ့အတွက်ကြောင့်ပျော်သွားပီး ပါဝါပြန်ပိတ်ပီး ၀င်းဒိုး
၈ အခွေကို ထည့်လိုက်တယ်။ ပီးတော့ Boot Device ကို DVD ကို ပြန်ပီး Forword
လုပ်ပီး ပါဝါပြန်တက်လိုက်တယ်။ ၀င်းဒိုး ၈ ရဲ့ ဖိုင်တွေကို စတင်ပီး Loading ဆွဲလာပါ
ပီ။ ဒါနဲ့အောက်ပါပုံအတိုင်း


Window Setup အပိုင်းရောက်တဲ့အခါမှာကျွန်တော်တို့က Next ကိုနှိပ်လိုက်ပါမယ်။
ဒါဆိုရင်အောက်ပါပုံအတိုင်းပေါ်လာပါလိမ့်မယ်။


ဒီနေရာမှာ ကျွန်တော်တို့က Window System ကိုပဲ Repair လုပ်မှာဖြစ်ပါတယ်။
ဒီလိုပြဿနာမျိုးက Window XP မှာဆိုရင် NTLDR Missing ပြဿနာဖြစ်ပီး
Window7 မှာဆိုရင်တော့ Bootmgr ပျောက်သွားတာမျိုးဖြစ်ပီး ယခု Window8
မှာကတော့ Operation system not found ဆိုပီးပြတာပါ ဒါကိုကျွန်တော်တို့က
System Repair လုပ်လိုက်ရုံနဲ့ ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့က Install Now
ဆိုတာကိုမနှိပ်ပဲ Repair your computer ဆိုတာကို နှိပ်လိုက်ပါမယ်။ဒါဆိုရင်တော့
အောက်ပါပုံအတိုင်း


ပေါ်လာတဲ့အခါမှာတော့ ကျွန်တော်တို့က Troubleshoot ဆိုတဲ့ Menu ထဲကို
ဝင်လိုက်ပါမယ်။ဒီအခါမှာတော့



ဆက်ပီး Advanced options ဆိုတဲ့ Tab ထဲကို ထပ်ဝင်လိုက်ပါမယ်။ပီးသွားရင်တော့

 
Command Prompt ဆိုတာကိုနှိပ်လိုက်တဲ့အခါမှာတော့


\
Recovery Consol ပေါ်လာပါတယ်။ ဒီနေရာမှာသူက  Command Prompt  မြင်
ကွင်းမှာ X:\Sources>ဆိုပီးတော့ပဲပေါ်နေမှာပါ ဒီနေရာမှာကျွန်တော်တို့ရိုက်ရမယ့်
Command က “Bootrec /fixmbr “ ဆိုပီးရိုက်ပီး Enter ခေါက်လိုက်တဲ့အခါမှာတော့
The operation completed successfully ဆိုပီးပြပါမယ်။ ကျွန်တော်တို့က နောက်ထပ်
Command တွေကိုထပ်ရိုက်ရပါဦးမယ်။ဒီတော့ကာ....


ဆက်ပီးရိုက်ရမယ့် Command က “Bootrec /fixboot ” ဆိုပီးထပ်ရိုက်ပီး
Enter ခေါက်လိုက်ပါမယ်။ ဒီနေရာမှာလည်း Operation completed successfully
ဆိုပီးတော့ ပြနေရပါမယ်။ အကယ်လို့များမပြဘူးဆိုရင်တော့ အခွေကိုပြောင်းပီး
တော့ ထပ်စမ်းရမှာဖြစ်ပါတယ်။ဒီနောက် နောက်ထပ် ထပ်ရိုက်ရမယ့် Command
ကတော့

Bootrec /rebuildbcd” ဆိုပီးထပ်ရိုက်ရပါမယ်။ ဒီနေရာမှာတော့ Operation
System မှာ Missing ဖြစ်သွားတဲ့ ဖိုင်တွေကို လိုအပ်တဲ့အစိတ်အပိုင်းတွေ
Copy လုပ်နေတာဖြစ်ပါတယ်။ သူ့အတွက်ကြာချိန်ကတော့ တစ်မိနစ်သာ
သာပဲရှိပါတယ်။ အကယ်လို့ Successfull ဖြစ်သွားမယ်ဆိုရင်တော့ အောက်ပါ
ပုံအတိုင်းပေါ်လာမှာဖြစ်ပါတယ်။


ဒီအခါမှာတော့ ကျွန်တော်တို့က Operation System fail ဖြစ်တာကို
Recovery Consol အောက်ကနေ Command Line Interface ကိုသုံး
ပီး ပြင်ဆင်လိုက်ပီးဖြစ်လို့ အဆင်ပြေသွားပါပီ ဒီတော့ ကျွန်တော်တို့
က ပြန်ထွက်မှာဖြစ်တဲ့အတွက်ကြောင့်


CLI Mode ထဲကနေပဲ “exit” လို့ရိုက်လိုက်ပါမယ်။ဒါဆိုရင်တော့


အထက်ပါပုံအတိုင်းပေါ်လာမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ ကျွန်တော်တို့က
ကွန်ပျူတာကိုပိတ်ဖို့အတွက် Turn off your PC ဆိုတာကိုရွေးပေးလိုက်ပီး
ဝင်းဒိုးပြန်တက်လာတဲ့အခါမှာသင့်ရဲ့ “Operation system not found” ဆို
တဲ့ ၀င်းဒိုး ၈ ကြီးမှာကြုံတွေ့နေရတဲ့ ပြဿနာကို ရှင်းလင်းပီးသွားပီးပုံမှန်
အတိုင်းပဲ ၀င်းဒိုးတက်လာမှာဖြစ်ပါတယ်။ အားလုံးပဲအဆင်ပြေမယ်လို့
ယုံကြည်မျှော်လင့်ပါတယ်။ သြ... Recovery Consol မှာ ရိုက်ရမယ့် Command
ကို သုံးခုထဲနော်...
၁- Bootrec /fixmbr
၂- Bootrec /fixboot
၃- Bootrec /rebuildbcd
ဆိုတဲ့ သုံးခုတည်းနော်....... ယခု Post ကိုဖြေရှင်းဖို့အတွက် Adivce
Source ကို ပေးသော အန်တီဝမ်း (ခ)စပယ်ရှယ်ဝမ်းနှင့် အခြားအခြားသော နည်းပညာညီအကိုမောင်နှမအားလုံးတို့အား ဂုဏ်ပြုလျှက်......
လေးစားစွာဖြင့်
Cristiano Zarni@ ဦးဇာနည်

 Credit>>>http://uzarnitech.blogspot.com/2014/02/window8-operation-system-not-found.html

Facebook Keyboard shotcuts

Facebook


Facebook အသုံးပြုသူ သူငယ်ချင်းများ Keyboard Shout လေးတွေနှင့် မြန်ဆန်သွက်လက်စွာ အသုံးပြုနိုင်ရန် အတွက် ဖွဘုတ် ကီးဘုတ် ချော့ကပ် လေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်.။

Alt
 + m 
Or Shift + Alt + m New Message 

Alt + 0 
Or Shift + Alt + 0 Help Center 

Alt + 1 
Or Shift + Alt + 1 Home Page 

Alt + 2 
Or Shift + Alt + 2 Profile Page 

Alt + 3 Or Shift + Alt + 3 Manage Friend List 

Alt + 4 Or Shift + Alt + 4 Message List 

Alt + 5 Or Shift + Alt + 5 Notification Page 

Alt + 6 Or Shift + Alt + 6 Account Settings 

Alt + 7 Or Shift + Alt + 7 Privacy Settings 

Alt + 8 Or Shift + Alt + 8 Facebook Fan Page 

Alt + 9 Or Shift + Alt + 9 Facebook Terms 

Alt + ? Or Shift + Alt + ? Search Box





ဒါလေးကို ဖတ်ပေးပါဒီဘလော့လေးသည် ဘူးရေမျက်ရွာ (wall.fm) ဆိုဒ်လေးမှ တည်ထောင်ထားပါသည် ဘာကြောင့်လဲဆိုတော့ wall.fm ဆိုဒ်များ free မရတော့လျှင် ယ္ခုဘလော့တွင် ဆက်လက်မျှဝေသွားနိုင်ရန် စီစဉ်ထားခြင်းဖြစ်ပါသည်


Android to BlackBerry App Converter


  • Android App များဖြစ်တဲ့ .apk များအကို BlackBerry App အဖြစ် ပြောင်းလို့ ရတဲ့ Online converter လေး ဖြစ်ပါတယ် ခင်ဗျာ။ ကျနော်က BlackBerry ဖုန်း မရှိလို့ မစမ်းကြည့်ရသေးပါဘူး။ BlackBerry ဖုန်းရှိတဲ့ သူငယ်ချင်းများ စမ်းသုံးနိုင်အောင် ပြန်လည်တင်ပြလိုက်ပါတယ်ခင်ဗျာ။

  • ဒီမှာ ဝင်ရောက် ပြောင်းယူနိုင်ပါတယ်။                                                                            
ဒါလေးကို ဖတ်ပေးပါဒီဘလော့လေးသည် ဘူးရေမျက်ရွာ (wall.fm) ဆိုဒ်လေးမှ တည်ထောင်ထားပါသည် ဘာကြောင့်လဲဆိုတော့ wall.fm ဆိုဒ်များ free မရတော့လျှင် ယ္ခုဘလော့တွင် ဆက်လက်မျှဝေသွားနိုင်ရန် စီစဉ်ထားခြင်းဖြစ်ပါသည်

AIS 3G/2100 မှာ အင်တာနက်ချိန်ညှိခြင်း


ထိုင်းမှာ ရှိတဲ့သူငယ်ချင်းများ အတွက် AIS  3G/2100 အတွက် အင်တာနက် ချိန်ညှိပုံလေးပါ
AIS သုံးပြီး အင်တာနက်ကြည့်တဲ့ သူငယ်ချင်းများ (E) ပဲပေါ်နေရင်တော့ ဒီအတိုင်းလေး စမ်းကြည့်ပါ။
ကျနော် စမ်းကြည့်တာ (E) ကနေ (H) ပေါ်ပြီး တော်တော်လဲ အဆင်ပြေလို့ ပြန်လည်မျှဝေလိုက်ပါတယ်။
ဒီမှာ တစ်ခု ရှိတာကတော့ မိမိ သုံးနေသော AIS ရဲ့ Promotion နှင့်လဲ ပတ်သက်မှုတော့ ရှိနိုင်ပါတယ်။
E ပေါ်လို့ လိုင်းမကောင်းသူများ စမ်းကြည့်လို့ ရအောင်လို့ ပြန်လည် Share လိုက်ခြင်းသာဖြစ်ပါတယ်။
ကျနော်မှာ တော့ အခုဆိုရင် (H) ပေါ်ပြီး 3G ကို သုံးနိုင်တာကြောင့် ပါ။ Youtube ဗီဒီယိုကို မထစ်ပဲ
အဆင်ပြေ ချောမွေ့စွာ ကြည့်လို့ ရပါတယ်။ စမ်းကြည့်ချင်တယ် ဆိုရင်တော့ အောက်က အတိုင်းလေး
လုပ်ကြည့်လိုက်ပါ။

Settings > Wireless & Networks >More >Mobile network> Access Point Names
ဒီအတိုင်းလေးသွားလိုက်ပါ။ ပြီးရင်တော့   APNs  ကို သွားလိုက်ပါ။ Access Point Names တဲ့ နေရာမှာ
APN မရှိဘူးဆိုရင်တော့ မိမိ၏ ဖုန်းဟာ Mobile Data ကို ON ထားရင်တောင်မှ Internet ကြည့်လို့ ရမှာမဟုတ်ပါဘူး။
များသောအားဖြင့်တော့ Access Point Names မှာ APN ကတော့ ပါပြီး ဖြစ်တာများပါတယ်။ တစ်ချိုသော ဖုန်းတွေမှာ
Rom ပြန်တင်လိုက်ရင် Access Point Names မှာ APN က မရှိတော့ ပဲ ဖြစ်နေတတ်ပါတယ်။ အဲဒီလိုအခါမျိုးမှာတော့
Mobile Data ကို ဖွင့်(ON) ထားရင်တောင်မှ E လဲမပေါ်  H လဲ မပေါ်ပဲ အင်တာ နက်ကြည့်လို့ မရတာမျိုးရှိပါတယ်။
ဒီတော့ ကျနော်တို့ Manual အနေနဲ့ Setting ပြန်ချိန်လိုက်ရင် အဆင်ပြေစွာ အင်တာနက် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
APN ရှိနေပြီးသားသူများ အောက်ပါ အတိုင်းလေး ထည့်ပေးပြီး Save လိုက်ပါ။ APN မရှိတဲ့ သူငယ်များကတော့ မိမိဖုန်းက
Option Key ကို နှိုက်ပြီး New Apn တစ်ခု ယူပြီး အောက်ပါ အတိုင်း ဖြည့်ပြီးတော့ Save လိုက်ပါ။ ပြီးရင်တော့ ကိုယ်
ကိုယ်ချိန်လိုက်တဲ့ APN မှာ အမှတ်လေးပေးလိုက်ပါ။ Mobile Data ကို ON ပြီး အင်တာနက်ကို ဖွင့်ကြည့်လိုက်ပါ။
H ပေါ်တာကို တွေ့ ရမှာ ဖြစ်ပါတယ်။ H မပေါ်ပဲ E ပဲ ပေါ် ရင်တော့ မိမိ နေတဲ့ နေရာမှာ 3G connection မရှိဘူးလို့သာ
မှတ်လိုက်ပါတော့ ခင်ဗျာ။

နောက်တစ်နည်းကတော့ Setting>Wireless & Networks >More >Mobile network> Network Mode မှာ WCDMA ကို ရွေးကြည့်ပါ။
connection ပျေက်သွားရင်တော့ 3G connection မရှိလို့ပါ။ 3G ရှိရင်တော့ H နှင့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Name AIS-INTERNET

APN = internet
Proxy = 203.170.229.34
Port = 8080
MCC = 520 (ဒီနေရာလေးမှာ သူအလိုလို 520 လို့ ဖြည့်ပြီးသား ဖြစ်သွားမှာပါ)
MNC = 03   (ဒီနေရာလေးမှာ သူအလိုလို 03 လို့ ဖြည့်ပြီးသား ဖြစ်သွားမှာပါ)

Name AIS-MMS
APN = multimedia
MMSC = http://mms.mobilelife.co.th
Proxy = 203.170.229.34
MMS Port = 8080
MCC = 520
MNC = 03


ဒါလေးကို ဖတ်ပေးပါဒီဘလော့လေးသည် ဘူးရေမျက်ရွာ (wall.fm) ဆိုဒ်လေးမှ တည်ထောင်ထားပါသည် ဘာကြောင့်လဲဆိုတော့ wall.fm ဆိုဒ်များ free မရတော့လျှင် ယ္ခုဘလော့တွင် ဆက်လက်မျှဝေသွားနိုင်ရန် စီစဉ်ထားခြင်းဖြစ်ပါသည်

DropBox Account ကို ၄၈ Gb အလကားရအောင်ဖောက်နည်း



Dropbox ဆိုတာကတော့ Online ပေါ်မှာ မိမိတို့တင်ချင်တဲ့ ဖိုင်တွေကို သိမ်းဖို့ Online data storage တစ်ခုပါ။ ကိုယ့်ရဲ့ file တစ်ခုကို dropbox ပေါ်မှာတင်ပြီး သူများတွေကို download လုပ်စေချင်တယ်ဆိုရင် direct download link အနေနဲ့လည်းပြန်ပေးလို့ရပါတယ်။ DropBox Storage ဟာ ဝယ်မယ်ဆို ဈေးကြီးပါတယ်.. 100 Gb Storage ကို တစ်နှစ်စာ အမေရိကန်ဒေါ်လာ 100 တောင် ပေးးရပါတယ်.. မြန်မာငွေနဲ့ဆို ၁ သိန်းနီးပါးလေ..
DropBox ကို www.dropbox.com မှာ အကောင့်ဖောက်ရင်  2Gb ပဲ အလကားရတာပါ.. www.dropbox.com မှာ ဝင်ပြီး Account ဖောက်နိုင်သလို သူ့အတွက် PC Software နဲ့ Android အတွက်လည်းရှိပါတယ်။ Samsung Galaxy SIII မှာ dropbox ကိုအင်စတောလုပ်မယ်ဆိုရင် Storage space 48GB ဖရီးရရှိမှာဖြစ်ပါတယ် ။ အခုပြောမဲ့ဟာလေးကတော့ Samsung Galaxy SIII တွင်ပါဝင်သော dropbox ကို တခြားစက်ရုပ်ဖုန်းတွေမှာ အင်စတောလုပ်တဲ့ဟာလေးပဲဖြစ်ပါတယ် ။ ဒါလေးအင်စတောလုပ်တာအောင်မြင်သွားရင် 48GB space ကိုရရှိမှာဖြစ်ပါတယ် ။
ယခုအင်စလောလုပ်ခြင်းဟာ drop box အကောင့်စပေ့ကို ဟက်တဲ့ပုံစံမျိုးဖြစ်နေတာကြောင့် do as your own risk ဖြစ်ပီး အကောင့်အသစ်ဖောက်ပီး စမ်းကြည့်ပါလို့အကြံပြုချင်ပါတယ် ။ ကျနော်အကောင့်အသစ်တခုလုပ်ပီးစမ်းသပ်တာအောင်မြင်ပါတယ် ။ ဒါကိုအင်စတောလုပ်ဖို့ မိမိဖုန်းဟာ အမြစ်တူး ( Root )ပြီးသားဖြစ်နေရပါမယ် ။
မိမိဖုန်းမှာ Dropbox application ရှိပြီးသားဆိုရင် dropbox ကို data clear and uninstall လုပ်ပစ်လိုက်ပါ ။

ပထမဆုံး အောက် မှာပေးထားတဲ့လင့်ကနေ ဖိုင်4 ဖိုင်ကိုဒေါင်းလိုက်ပါ ။
ပထမဆုံး Root Explorer ကို Install လုပ်ပါ.. ပြီးရင် Root Explorer ကို ဖွင့်ပြီး dropbox.apk နဲ့ dropboxOOBE.apk ဖိုင်ကို system ထဲက app folder ထဲကိုထည့်ပါ ။ ပီးလျှင် ဖိုင်၂ ခုစလုံးကို Permission အား rw-r-r သို့ပြောင်းပေးလိုက်ပါ ။ အဲဒါပြီးရင် com.dropboxpartner.jar ဆိုတဲ့ဖိုင်ကို system အောက်က framework ဖိုဒါထဲကိုထည့်ပါ ။ ပြီးရင် ဖုန်းကို Restart ချလိုက်ပါ ။ ဖုန်းရီစတက်ပြန်တက်လာရင် dropbox application ကိုဖွင့်လိုက်ပါ ။ ၁၀ မိနစ်လောက်ကြာရင်တော့ မိမိအကောင့်အီးမေးထဲကို 48GB Storage ရမည်ဖြစ်ကြောင်း Mail ၀င်လာပါလိမ့်မည် ။ Get started မှတောင်းဆိုထားသော အချက် ၅ ချက်ကို ဖြည့်ပီးရင်တော့ 48GB ရရှိပီဖြစ်ကြောင်း    မေးဝင်လာပါလိမ့်မည် ။ အဲဒီ Get Started မှာတော့ ကိုယ့်ဟာကိုယ် ဖတ်ပြီး လုပ်ကြပေါ့.. မခဲယဉ်းပါဘူး.. ကျွန်တော်မောင်ပေါက်. ဒီနည်းကို DropBox ဝယ်ပြီးမှ သိတာဗျာ.. ဒေါ်လာ 100 နှမြောလိုက်တာ. အဲဒီညက လုံးဝ အိပ်တောင်မပျော်ဘူး..

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Credit>> ပြည့်ဖြိုး(MMiTD) <<thanks

Facebook ၏ လုပ်ဆောင်ချက်များ(မြန်မာဗားရှင်း)




ဖွဘုတ်သုံးသူ သူငယ်ချင်းများ အတွက် ဖွဘုတ်၏ လုပ်ဆောင်ချက်များကို ရှင်းလင်းပြထားတဲ့ စာအုပ်လေးကို ပြန်လည်မျှဝေလိုက်ပါတယ်ခင်ဗျာ..။


ဒေါင်းလော့ဖိုင်အမျိုးအစားဒေါင်းလော့ဖိုင်ဆိုဒ်ဒေါင်းလော့ယူရန် ဖိုင်အမျိုးအစား
7.9MB


International H4ck3r News Magazine





နိုင်ငံတကာ h4cking သတင်းနှင့် h4ck3r အကြောင်းကို ပြုစုထားသော မဂ္ဂဇင်းလေးကို ပြန်လည်မျှဝေလိုက်ပါတယ်..။ လိုအပ်သော သူငယ်ချင်းများ အောက်မှာ ဒေါင်းယူနိုင်ပါတယ်ခင်ဗျာ..။

ဒေါင်းလော့ဖိုင်အမျိုးအစားဒေါင်းလော့ဖိုင်ဆိုဒ်ဒေါင်းလော့ယူရန် ဖိုင်အမျိုးအစား
6.4MB


Core i3,Core i5,Core i7 ကွာခြားချက်များ

ကျွန်တော်တို့ဆိုဒ်မှာ အများအားဖြင့် ကွန်ပျူတာနဲ့ ပက်သက်ရင် အခြေခံနဲ့ ဆိုင်တဲ့အကြောင်းအရာ၊ ၀င်းဒိုးနဲ့ဆိုင်တဲ့ အကြောင်းအ၇ာလေးတွေပဲ အများအားဖြင့် တင်လေ့ရှိပါတယ်။ အခုလည်း ကျတော်ပြန်လည် ဝေမျှလိုတာကတော့ Hard ware နဲ့ဆိုင်တဲ့ အကြောင်းအရာ သိသင့်တာလေးတွေကို အခြေခံကျကျ ရေးသားရှင်းပြထားပေးတဲ့ အကြောင်းအရာလေးတွေကို ကျတော်ဖတ်မိသလို ကျတော့်ဆိုဒ်ကို လာလည်တဲ့ သူငယ်ချင်းများလည်း လေ့လာမှတ်သားလို့ရအောင် တစ်ဆင့်ပြန်လည် ဝေမျှခြင်းဖြစ်ပါတယ်။ ဘယ်အရာမဆို အခြေခံခိုင်ခိုင်မာမာရှိမှ အောက်ခြေခိုင်ခံ့မှ တစ်ဆင့်ပီးတစ်ဆင့် တက်တဲ့အခါ အစစအရာရာ အဆင်ပြေမှာဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သဘောကျနှစ်သက်မိလို့ မှတ်စုအနေနဲ့ရော တစ်ဆင့်ပြန်လည် ဝေမျှလိုတဲ့ သဘောနဲ့ပါ တင်ပေးလိုက်ပါတယ်။ သိပြီးသား ကျွမ်းကျင်ပီးသား သူများအတွက် လုံးဝမရည်ရွယ်ပဲ မူကြိုအဆင့်များကိုသာ ရည်ရွယ်ပါသည်။ ဘာကြောင့်လဲဆိုတော့ ကျတော်လည်း မူကြိုအဆင့်မှ မတက်နိုင်သေးသောကြောင့်ပါ....:D
Core i3 , core i5 , core i7 အကြောင်းမပြောခင် core i series ထဲမှာ ပါဝင်တဲ့ သုံးထားတဲ့ နည်းပညာ အသုံး အနှုန်းနဲ့  Architecture , code name တွေ အရင်ပြောပြပါ့မယ် ဘာကြောင့်လဲဆိုတော့ အဲဒါကို သိထားပါမှ ကွဲပြားမှုလေးတွေ ပိုမိုပေါ်လွင်မှာဖြစ်ပါတယ်….
Core i series Architecture
Core i series မှာ Nehalem Architecture နဲ့  Sandy bridge Architecture ဆိုပြီးရှိပါတယ်.. ပထမဆုံး စထုတ်တာ Nehalem Architecture ကို base လုပ်ပြီး ထုတ်လုပ်ပါတယ်…Sandy bridge Architecture ကိုတော့ 2011 အစောပိုင်းကာလမှာ စပြီးထုတ်ခဲ့ပါတယ်..

Core i series code name
Core i series code name များမှာ
1.Gulftown,
2.Bloomfield,
3.Lynnfield,
4.Clarkfield,
5.Clarkdale,
6.Arrandale,
7.Sandy bridge(Desktop),
8.Sandy bridge(moblile) တို့ဖြစ်ကြပါတယ်။
Core i series code name အုပ်စုမှာ Nehalem Architecture ကိုအခြေခံတည်ဆောက်ထားတဲ့ code name တွေကတော့ Gulftown,Bloomfield, Lynnfield, Clarkfield,Clarkdale နဲ့ Arrandale တို့ဖြစ်ကြပါတယ်။ Sandy bridge Architecture ကိုအခြေခံတည်ဆောက်ထားတဲ့ code name တွေကတော့ sandy bridge(Desktop) နဲ့ sandy bridge(mobile) တွေဖြစ်ပါတယ်..

Core i series processor မှာ ဘာတွေထူးခြားပြီး ကွာသွားမှာလဲ
Core i series မှာ အောက်ပါအချက်များကွာခြားသွားပါတယ်
1.core အရေ အတွက်ပါဝင်မှု
2.Thread အရေအတွက်
3.Cache ပါဝင်မှု ပမာဏ
4. Turbo Boost Technology
5. Smart Cache
6. QPI
7.Hyper-threading technology

1.Core အရေအတွက်
Core ဆိုတာ တွက်ချက်မှူ real processing unit တစ်ခုဖြစ်ပြီး chip တစ်ခုပေါ်မှာ တည်ဆောက်ထားပါတယ် အဲဒီ core က နှစ်လုံး လေးလုံး စသဖြင့်ပါဝင်ပါတယ်..
2.Thread အရေအတွက်
Thread ဆိုတာ processor ကို instruction ပေးပို့ ရာမှာ လမ်းကြောင်း 1ခု 2ခု 4ခု 8ခု စသဖြင့်ရှိပါတယ် 2ခုနဲ့ 2ခုအထက်ကို multi-thread လို့ ခေါ်ပါတယ်..
3.Cache ပါဝင်မှု ပမာဏ
Cache ပါဝင်မှုပမာဏ အနည်းများပေါ်မူတည်ပြီး ပိုပြီးမြန်သလို cache ပမာဏများတဲ့ processor ကပိုပြီးတော့ဈေးကြီးပါတယ်..(2MB,4MB,6MB,8MB..စသဖြင့်)
4. Turbo Boost Technology
Turbo Boost ဆိုတာ လိုအပ်တဲ့ အချိန်မှာ core တစ်လုံး နဲ့ တစ်လုံး ပေါင်းစည်းလုပ်ဆောင်ပေးပါတယ်.. process တစ်ခုကို core တစ်လုံးတည်းနဲ့ လုပ်ဆောင်နိုင်ပါက core တစ်လုံးတည်းနဲ့ သာ လုပ်ဆောင်ပြီး core တစ်လုံးတည်းနဲ့ လုပ်ဆောင်ရန်မလုံလောက်တဲ့အခါ core တွေ အချင်းချင်းချိတ်ဆက်လုပ်ဆောင်တဲ့ နည်းပညာဖြစ်ပါတယ်..
5. Smart Cache
Smart cache ဆိုတာ core ထဲမှာ ပါတဲ့ cache တွေဟာ လိုအပ်တဲ့အခါမှာ အချင်းချင်း ပေါင်းစည်း လုပ်ဆောင်တဲ့ နည်းပညာဖြစ်ပါတယ်..
6. QPI (Quick Parth Interconnect)
QPI ဆိုတာ processor နဲ့ north bridge ကြားမှာ high speed transfer လုပ်ဆောင်ပါတယ်.. north bridge ကို အရင်ကလို motherboard ပေါ်မှာ chip တစ်ခုအနေနဲ့  သီးသန့် ထုတ်မ ထား တော့ပဲ CPU ထဲကို ဆွဲသွင်း လိုက်ပါတယ်..ဒါကြောင့် point to point ချိတ်ဆက်ပြီး လုပ်ဆောင် နိုင်တယ်..ယခင် FSB နေရာမှာ အစားထိုး ၀င်ရောက်လာပြီး QPI ဖြစ်သွားပါတယ်..cpu အတွင်းမှာ north bridge နဲ့  cpu တို့ ချိတ်ဆက်တဲ့ လမ်းကြောင်း ကို Common Serial Interconnect(CSI) bus လို့ ခေါ်ပါတယ်..
7.Hyper-threading technology
Hyper-threading ဆိုတာ processor တစ်လုံးထဲကမှ အချိန်တစ်ခုထဲမှာပင်လျင် thread နစ်ခုကို တစ်ပြိုင်နက်ထဲ တာဝန်ထမ်းဆောင်နိုင်ပါတယ် ဒီနေရာမှာ Thread ဆိုတာ processor ဟာProgram တစ်ခုမှ လာတဲ့ instruction တစ်ခုလုပ် ဆောင်မှုကို thread တစ်ခုလို့ သတ်မှတ်ပါတယ်…Thread ဟာ 2ခု 4ခု 8ခု စသဖြင့်ဖြစ်နိုင်ပါတယ်..HT ပါတဲ့  processor ဟာ architecture state ကို copyer လုပ်ပြီး logically အရ Processor နှစ်လုံးဖြစ်အောင် ဖန်တီးထားခြင်းပါ..နဂို physical မှာရှိနေတဲ့  cache , execution unit, control unit ,buses စတဲ့  resourses တွေကိုမျှဝေသုံးစွဲခြင်းပါပဲ…သာမန် processor တစ်လုံးနဲ့ စာရင် HT processor အလုပ်လုပ်တာ 30%လောက်ပိုပြီးတော့မြန်ပါတယ်...
Nehalem microarchitecture based
Core i3
ပထမဆုံး Nehalem ကထုတ်တဲ့ core i3 ကို 2010 ခုနှစ် ဇန်န၀ါရီလ မှာ စတင် သုံးစွဲခဲ့ကြပါတယ်..Desktop processor မှာ ရော laptop mobile processor အတွက်ပါ ထုတ်လုပ်ခဲ့ပါတယ်..

Core i5
Nehalem ကိုပဲ base လုပ်ထားတဲ့ core i5 ကို စက်တင်ဘာလ ၈ ရက် ၂၀၀၉ ခုနှစ်မှာ စတင်သုံးစွဲခဲ့ကြပါတယ်..
Core i 7
Nehalem ကိုပဲ base လုပ်ထားတဲ့ corei7 ကို ၂၀၀၈ ခုနှစ်ကုန်ပိုင်းလောက်မှာ စတင်သုံးစွဲခဲ့ကြပါတယ်..အဲတုန်းက စစချင်းထုတ်တုန်းက Bloomfield ကိုစထုတ်ခဲ့ပါတယ်..2009 ခုနှစ်မှာ Lynnfield, clarkfield, Arrandale တို့ကိုထုတ်ပါတယ် 2010 ခုနှစ်မှာတော့ Gulftown ကိုထုတ်လုပ်ပါတယ်..ဒါတွေက Nehalem architecture ကိုအခြေခံထား တဲ့ မျိုးကွဲ code name နဲ့ ထုတ်လုပ်ထားတဲ့ processor series တွေဖြစ်ပါတယ်..
Sandy Bridge microarchitecture based
Core i3
Sandy bridge microarchitecture မှာဆိုရင် code name တွေက sandy bridge(Desktop) နဲ့  sandy bridge(Mobile) ဆိုပြီးလာပါတယ်..sandy bridge ကိုအခြေခံထားတဲ့ core i3 ကို ၂၀၁၁ ဇန်န၀ါရီလ ၂၀ ရက်နေ့ မှာ စတင်သုံးစွဲနိုင်ခဲ့ပါတယ်..
Core i5
ယခုလက်ရှိထုတ်နေဆဲကာလမှာတော့ အောက်ပါ အတိုင်း sandy bridge core i5 series တွေကို တွေ့ ရ မှာဖြစ်ပါတယ်..
Core i7
ယခုလက်ရှိထုတ်နေဆဲကာလမှာတော့ အောက်ပါ အတိုင်း sandy bridge core i7 series တွေကို တွေ့  ရမှာဖြစ်ပါတယ်..
အခု ဖော်ပြခဲ့တဲ့အထဲမှာ တစ်ခြားမျိုးကွဲတွေလည်း ရှိကောင်းရှိပါလိမ့်မယ်..core i series processor တစ်လုံးနဲ့တစ်လုံး ဘာကွာလဲလို့မေးလာရင် တစ်ခုတည်းဖြေလို့ မရတော့ပါဘူး ဒါကြောင့်သူ့ မှာပါတဲ့အမျိုးအစား..အထဲမှာ လုပ်ဆောင်နိုင်တဲ့စွမ်းရည် ပါဝင်မှုတွေကို အထက်တွင်ဖော်ပြ ဆွေးနွေးခဲ့ပြီြး ဖစ်ပါတယ်ခင်ဗျာ..Architecture တစ်ခုတည်းအောက်မှာ ပင်လျင် code name တွေခွဲပြီးတော့ ထုတ်ထားတာ ကိုတွေ့မြင်ခဲ့ရပြီး ဖြစ်ပါလိမ့်မယ်..ညီအစ်ကို မောင်နှများအားလုံး knowledge ရကြပါစေခင်ဗျာ..

ကိုစံငြိမ်း(မြန်မာမိသားစုဖိုရမ်)
 
Support : Creating Website | Johny Template | Mas Template
Copyright © 2021. ဘူးရမေကျြရှာ - All Rights Reserved
Template Modify by Creating Website
DESIGN by မောင်အေးလွင်(ဘူးရေမျက်ရွာ)မှ ပြန်လည်ပြင်ထားသည်