rar password တောင်းခဲ့လျှင်

Showing posts with label ဒေါင်းလော့ဆွဲနည်း. Show all posts
Showing posts with label ဒေါင်းလော့ဆွဲနည်း. Show all posts

Facebook VDO Youtube VDO တွေ HD အရည်အသွေးနဲ့ ဒေါင်းမယ်


ကျနော် အခုပြောမယ့်နည်းလေးက ဘီဂင်နာတွေ အတွက်ပါ ဆရာတွေတော့ ကျော်သွားလိုက်ပါ။
ကွန်ပျူတာနဲ့ facebook အသုံးတဲ့ ဘော်ဘော်တွေ အတွက်
Browser က နေ facebook မှ ကိုယ်လိုချင်တဲ့ VDO လေးတွေကို HD အရည်အသွေး
ရုပ်ထွက် ကြည်ကြည်လင်လင်လေးဒေါင်းနိုင်နိုင်မယ့် နည်းလေးပါ

လုပ်ကြည့်ကြရအောင်ဗျာ

1. အရင်ဆုံး https://en.savefrom.net/ ကိုသွားလိုက်ပါ။
2. Savefromnet helper plug-in လေးကို ဒေါင်းလော့ဆွဲလိုက်ပါ။ ဖိုင်းက 6MB လောက်ပဲရှိပါတယ်။
3. ပြီးရင်တော့ ကွန်ပျူတာမှာ Install လုပ်လိုက်ပါ။ Install လုပ်နေစဉ် မိမိသုံးတဲ့ Browser လေးကို ခဏလောက်ပိတ်ထားလိုက်ပါ။ (မပိတ်ထားလည်းရပါတယ်၊ Install လုပ်ပြီးရင် Browser ကို Restart ချပေးလိုက်ရင်လည်းရပါတယ်



ပီးရင်တော့ ကျနော်တို့ Facebook မှ ဗီဒီယိုတွေကို HD အရည်အသွေး၊ ကြည်ကြည်လင်လင် လေး ဒေါင်းနိုင်ပါပီ။

4. မိမိလိုချင်သော VDO ဖိုင်လေးကို သွားလိုက်ပါ။
5. အောက်က ပုံလေးမှာ ကြည်နိုင်ပါတယ်။

ဗီဒီယိုဖိုင်ရဲ့ ဘယ်ဘက်ဒေါင့်နားလေးမှာ မြှား အစိမ်းရောင်လေး ပေါ်နေပါမယ်။
အဲဒီမ မြှားလေးကို click ပီး လိုက်ရင် မိမိဒေါင်းလိုတဲ့ format ကို ရွေးပေးပါ။
ကျနော်ကတော့ ရုပ်ထွက် ကြည်ကြည်လင်လင်လင်လေး ကို လိုချင်တာကြောင့်
HD format လေးကို ရွေးဒေါင်းလိုက်ပါတယ်။ အောက်က ပုံကတော့ ဒေါင်းနေတဲ့ အနေအထားဖြစ်ပါတယ်။



အောက်က ပုံကတော့ Youtube ကနေ ဒေါင်းယူနိုင်တဲ့ အနေအထားပါ။
Youtube က ဗီဒီယို Link ရှေ့မှာ  ss ထည့်ပြီး ဒေါင်းတဲ့နည်းကိုတော့ သူငယ်ချင်းများ
သိပြီးသားဖြစ်မှာပါ။ အခု Plugin လေးကို ထည့်ထားရင် သိပ်အလုပ်မရှုပ်တော့ဘုးပေါ့။

ကျနော် အခုလုပ်ပြတဲ့ Browser ကတော့ Mozila Firefox ဖြစ်ပါတယ်

အားလုံးပဲ အဆင်ပြေကြပါစေ။
မြန်မာနိုင်ငံကြီး အေးချမ်းတည်ငြိမ်ပြီး နည်းပညာများတိုးတက်ပါစေ


https://www.tusfiles.net/ မှ ဒေါင်းလော့ဆွဲနည်း

ဒေါင်းလော့ လုပ်တဲ့နေရာမှာ ဆိုဒ်တစ်ဆိုဒ်နှင့် တစ်ဆိုဒ် ဒေါင်းလော့ လုပ်ရတာ မတူတာလေးတွေရှိပါတယ်။ အခုမှ Online ကိုစတင်သုံးစွဲသူညီငယ် ညီမငယ်များ ဒေါင်းလော့ဆွဲရာမှာ အဆင် မပြေတာလေးတွေ ရှိနိုင်မယ်ဆိုတဲ့ အတွေးလေးနဲ့ ဒေါင်းလော့လုပ်နည်း အကြောင်းလေးတွေကို
Hosting အသုံးများသော ဆိုဒ်သော ဆိုဒ်များကို တစ်ခုချင်း တင်ပေးရင်ကောင်းမှာပဲဆိုတဲ့ အတွေးလေးပိုလာလို့ အခု Post လေးကို စတင်ရေးသားလိုက်ပါတယ်..။ သိတဲ့သူတွေအတွက် အရေးမပါပေမယ့် အခုမှ စတင်လေ့လာသုံးစွဲတဲ့ ညီငယ် ညီမငယ်လေးများ မသိကြသေးတဲ့ သူငယ်ချင်းများအတွက် ရည်ရွယ်ပြီး ရေးလိုက်ပါတယ်။
ဒီနေ့မှာတော့ TUSFILES https://www.tusfiles.net/ ကဒေါင်းလော့ ဆွဲနည်းလေးကို တင်ပြလိုက်ပါတယ်။
  • https://www.tusfiles.net/ မှာ ဒေါင်းလော့ဆွဲ ရတော့မယ်ဆို ကိုယ်ဒေါင်းချင်တဲ့ ဖိုင်လေးက https://www.tusfiles.net/ မှာတင်ထားတယ် ဆိုရင်တော့ အောက်မှာ Screenshot ရိုက်ပြီး တင်ပေးထားပါတယ်။
အရင်ဆုံး Use our download manager and get recommended downloads ဆိုတဲ့ စာသားလေးရှေ့က အမှန်ခြစ်လေးကို ဖြုတ်ပေးပါ...။ မဖြုတ်ဘူးဆိုရင်တော့ မိမိလိုချင်တဲ့ File ကို https://www.tusfiles.net/ ကထုတ်လုပ်ထားတဲ့ download manager နဲ့ မိမိလိုချင်တဲ့ File ကို ဒေါင်းမယ်ဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်...။ဖြုတ်လိုက်ရင်တော့ ကျနော်တို့ ကန်ပူတာမှာ သွင်းထားတဲ့ IDM တိုလို့ မိမိ ကန်ပူတာမှာ သုံးနေတဲ့ download manager နဲ့ လိုချင်တဲ့ဖိုင်ကို ဒေါင်းမယ်ဆိုတဲ့ သဘောပဲဖြစ်ပါတယ်...။

အမှန်ခြစ်လေးကို ဖြုတ်ပြီးတဲ့နောက်မှာတော့ Direct Download Link ဆိုတာလေးကို ကလစ်လိုက်ပါ..။
New Tab တွေ နှစ်ခု သုံးခုလောက် တတ်လာတတ်ပါတယ်...။ ဒါကတော့ သူ့ဆိုဒ်ရဲ့ ကြော်ငြာကလစ်များဖြစ်ပါတယ်...။ အသစ်ဖွင့်လာတဲ့ New Tab တွေကို ပြန်ပိတ်လိုက်လို့ ရပါတယ်..။ ပြီးရင်တော့ စက္ကန့်အနည်းငယ်ကြာတဲ့ အခါမှာ မိမိဒေါင်းလိုတဲ့ File က မိမိ computer မှာ download manager နဲ့ ဒေါင်းလော့ဆွဲနေတာကို တွေ့မှာ ဖြစ်ပါတယ် .....။

သိပြီးသား ညီအကို မောင်နှမများ များပါတယ်...။ ကျနော်ရည်ရွယ်တာက Self-stuy  လုပ်နေကြတဲ့ မသိသေးသော ညီငယ်များ ညီမငယ်များ သင်တန်းတွေတတ်ဖို့ အတွက် အခွင့်အရေး မရခဲ့တဲ့ သူများအတွက်ပါ...။ ကျနော်ကိုယ်တိုင်လဲ သင်တန်းတက်ခွင့်မရခဲ့တာကြောင့် ကျနော့်ကဲ့သို့သော ညီငယ် ညီမငယ်လေးများ အတွက် အထောက်အကူလေးများ ဖြစ်စေပါကြောင်း ဆန္ဒဖြင့် ရေးသားလိုက်ရခြင်းသာဖြစ်ပါသည်...။ဆက်လက် တင်ပြပါဦးမည်...။

အားလုံးသော သင်ဆရာ မြင်ဆရာ အွန်လိုင်းဆရာများ နှင့် သူငယ်ချင်းများကို အစဉ်လေးစားလျှက်


ဒါလေးကို ဖတ်ပေးပါဒီဘလော့လေးသည် ဘူးရေမျက်ရွာ (wall.fm) ဆိုဒ်လေးမှ တည်ထောင်ထားပါသည် ဘာကြောင့်လဲဆိုတော့ wall.fm ဆိုဒ်များ free မရတော့လျှင် ယ္ခုဘလော့တွင် ဆက်လက်မျှဝေသွားနိုင်ရန် စီစဉ်ထားခြင်းဖြစ်ပါသည်


 
Support : Creating Website | Johny Template | Mas Template
Copyright © 2021. ဘူးရမေကျြရှာ - All Rights Reserved
Template Modify by Creating Website
DESIGN by မောင်အေးလွင်(ဘူးရေမျက်ရွာ)မှ ပြန်လည်ပြင်ထားသည်